Honor 9X အတွက် Icelandic White အရောင် ထွက်ရှိ

Honor 9X နဲ့ 9X Pro တွေရဲ့ ရောင်းအားက လန်းနေပါတယ်။ အခုတော့ ဒီထက်ရောင်းအား လန်းအောင် ကူညီပေးမယ့် Icelandc White အရောင်ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အဲဒီလို အရောင်မျိုးကို Honor 20 Pro အတွက်လည်း ရောင်းချပေးခဲ့ပါတယ်။ အရင်ကတော့ Honor 9X နဲ့ 9X Pro အတွက် Magic Night Black, Charm Sea Blue နဲ့ Charm Red အရောင်တွေ ထုတ်လုပ်ပေးခဲ့ပါတယ်။ Pro Version အတွက် Phantom Purple အရောင်ကို အပို ထုတ်ပေးထားပါတယ်။

အခုအရောင်က နှင်းတွေပေါ်ကို နေရောင်ကျရောက်တဲ့ အခါ ဖြစ်ပေါ်တဲ့ အရောင် ဖြစ်ပြီး အဖြူပေါ်မှာ အပြာနဲ့ ပန်းရောင် သမ်းနေတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အရောင်အသစ်ကို တရုတ်မှာ စတင် ရောင်းပေးလိုက်ပါပြီ။

Honor 9X နဲ့ Honor 9X Pro တို့မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ Pop-up Selfie Camera ပါပါတယ်။ အနောက်ဘက်မှာ 48MP Main Camera, 8MP Ultra-wide Camera နဲ့ 2MP Depth Camera များပါပါတယ်။ ပရို မဟုတ်တဲ့ မော်ဒယ်မှာ မြင်ကွင်းကျယ် ကင်မရာ မပါပါဘူး။ အရှေ့ ကင်မရာက 16MP ပါ။ Octa-core Kirin 810 Chipset မောင်းနှင်ထားပါတယ်။ Android 9 Pie အခြေပြု EMUI 9.1 ပါပါတယ်။ GPU Turbo 3.0 က ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။

ပရို မော်ဒယ်မှာ 8GB RAM နဲ့ 128GB or 256GB Storage များ ပါပါတယ်။ သာမာန် မော်ဒယ်အတွက် 4/64GB နဲ့ 6/64GB များထုတ်ထားပြီး ဒေါ်လာ ၂၁၀ နဲ့ ၃၃၅ အသီးသီးသာ ရှိပါတယ်။ 512GB microSD Card စိုက်နိုင်ပါတယ်။ 4000mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်း စနစ် မပါပါဘူး။ ဖုန်းရဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Ref : gsmarena

Honor 9X အတွက် Icelandic White အရောင် ထွက်ရှိ

%d bloggers like this: