Punch Hole Display နဲ့ Selfie Camera ၂ လုံးပါလာမယ့် Honor V30

Honor V20 (View 20) မှာလို V30 မှာ Punch Hole Display ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ ဆဲလ်ဖီး ကင်မရာ ၂ လုံး ပါလာမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ ဘေးဘက်တွေဟာ အကွေး ဒီဇိုင်း ဖြစ်ပြီး ဘေးဘက်က ဘောင်လေးတွေက အရမ်းကို ပါးလွှာပါတယ်။ အောက်က ဘောင်က အရင်မျိုးဆက်ထက် ပါးသွားပြီး အထက်က ဘောင်မှာ စပီကာနဲ့ ဆန်ဆာတွေအတွက် နေရာ မရှိပါဘူး။

Honor ရဲ့ ဥက္ကဌ Zhao Ming က V30 ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G Smartphone ဖြစ်မယ်လို့ အရင်လက ဝီဘိုမှာ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ စွမ်းရည်မြင့် စမတ်ဖုန်းတွေလို Full 5G SA နဲ့ NSA Network တွေကိုလည်း ထောက်ပံ့မယ်လို့ သူက ပြောပါတယ်။
Huawei က မကြာခင်က စွမ်းရည်မြင့် Kirin 990 SoC ကို ကြေညာခဲ့ပြီး Mate 30 Series တွေမှာ အစောဆုံး ထည့်သွင်းပေးမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာ Huawei ရဲ့ ကုမ္ပဏီခွဲ Honor က Kirin 990 SoC ပါမယ့် ပထမဆုံး သူ့ရဲ့ စမတ်ဖုန်းကို အတည်ပြုလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Honor V30 ဖြစ်ပြီး 5G ပါလာမှာပါ။ တရုတ်မှာ Vera30 နာမည်နဲ့ ရောင်းချမှာ ဖြစ်ပြီး အခြားနိုင်ငံတွေမှာ V30 or View 30 လို့ နာမည်ပေးထားနိုင်ပါတယ်။

အရင် သတင်းတွေအရ V30 မှာ 90Hz Display ပါလာမယ်လို့ သိရပါတယ်။ အဲဒီ မျက်နှာပြင် နည်းပညာဟာ ဂိမ်း ကစားတဲ့အခါ ၊ ရုပ်ရှင်ကြည့်တဲ့ အခါတွေမှာ ရုပ်ထွက်တွေပို ချောမွတ်ပါတယ်။ V30 ကို ဒီဇင်ဘာလမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

Punch Hole Display နဲ့ Selfie Camera ၂ လုံးပါလာမယ့် Honor V30

%d bloggers like this: