Meizu က Gaming Phone ၁ လုံး ဖန်တီးမယ်လို့ ဒီနှစ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။ သူ့ရဲ့ ဈေးနှုန်းဟာ ယွမ် ၂၅၀၀ လောက်ပဲ ရှိမှာဖြစ်ပြီး မြန်မာငွေ ၅ သိန်းလောက်ပဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက Meizu 16s, Meizu 16s Pro, Meizu 16XS နဲ့ တခြား ဖုန်းတွေကို ကြေညာခဲ့တဲ့အတွက် 16T ရဲ့ သတင်းတွေ ပျောက်နေခဲ့ပါတယ်။ အခုတော့ သူ့ကို နောက်လမှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။
3C Certification မှာ M928Q မော်ဒယ်နံပါတ်နဲ့ Meizu Phone ၁ လုံးကို အရင်က မှတ်ပုံတင်ထားပြီး 18W Charging ပါပါတယ်။ အဲဒီ ဖုန်းဟာ Meizu 16T ဖြစ်ပါတယ်။ မှတ်ပုံတင်ထားတဲ့ Specs တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။
MEIZU 16T (Turbo) Gaming Phone Specs
Name: MEIZU 16T (Turbo) M928Q mobile phone
Colors: blue and black, green, orange and red 3 colors
Mobile phone size: 159.63X78.2X8.3mm
Mobile phone weight: 183g
Screen size: 6.5 inches
Display resolution: 2232x1080px
Battery capacity: 4400mAh
RAM: 6GB
ROM: 128GB
အနောက်ဘက် ဘယ်ဘက်ထိပ်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 12+8+5MP တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ပါ။ Android 9 Pie မောင်းနှင်ထားမှာပါ။ Snapdragon 855+ အစား 855 ကိုပဲ သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။
Ref : gearbest
Meizu 16T (Turbo) Gaming Phone ကို အောက်တိုဘာမှာ ကြေညာမည်
You must log in to post a comment.