Curved Screen ပါတဲ့ Meizu 17 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Meizu 17 ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း သူ့ရဲ့ ဓါတ်ပုံ ၁ ပုံထွက်လာပါတယ်။ မျက်နှာပြင်ဘေးဘက်တွေဟာ ကွေးညွှတ်နေတဲ့ Curved Screen Design ကို တွေ့ရပါတယ်။ Vivo NEX 3 နဲ့ Mate 30 Pro တို့လို Waterfall Screen လိုမျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် Galaxy S နဲ့ Note Series တွေလို သာမာန်လောက်ပဲ ကွေးညွှတ်တဲ့ ဒီဇိုင်းလည်း ဖြစ်နိုင်ပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါတာကိုလည်း မြင်ရပါတယ်။ မျက်နှာပြင်အောက်နဲ့ အထက်က ဘောင်တွေဟာ အရမ်းကို ပါးလွှာပါတယ်။ အထက်က ဘောင်က အနည်းငယ်ကြီးမားပြီး ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ Notch မပါလာပါဘူး။

အရင်ကလည်း သူ့ရဲ့ ဓါတ်ပုံတွေ ထွက်ခဲ့ဖူးပါတယ်။ ဖုန်းရဲ့ အောက်ခြေမှာ စပီကာအပေါက်နဲ့ USB-C Port ပါပါတယ်။ ဒါပေမယ့် 3.5mm Headphone Jack တော့ မတွေ့ရပါဘူး။ သူ့မှာ 20MP Front Selfie Camera ပါမယ်လို့ သတင်းထွက်နေပါတယ်။ Earpiece Speaker အစား Screen Vibration ကို အသုံးပြုထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး 48MP Main Camera ထည့်ထားမှာပါ။ ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။

Meizu က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဒီဇိုင်းကို ကြီးကြီးမားမား မပြောင်းလဲတာ ၂ နှစ်ရှိပါပြီ။ Meizu 17 မှာတော့ ဒီဇိုင်းကို ပြောင်းလဲထားနိုင်ပါတယ်။ Meizu 16s ကို ဒီနှစ် အစောပိုင်းက ကြေညာထားတဲ့ အတွက် Meizu 17 ကို သိပ်မကြာခင်မှာ ကြေညာမှာ မဟုတ်သေးပါဘူး။

Ref : gsmarena

Curved Screen ပါတဲ့ Meizu 17 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

%d bloggers like this: