အနောက်ကင်မရာ ၃ လုံးပါတဲ့ LG G8s ThinQ ကို အိန္ဒိယမှာ ရောင်းပြီ

LG က ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ MWC 2019 မှာ G8s ThinQ ကို ကြေညာခဲ့ပါတယ်။ သူ့ကို ဥရောပမှာ ဇူလိုင်လက စတင် ရောင်းချပေးခဲ့ပါတယ်။ အခုတော့ အိန္ဒိယမှာ ဝယ်ယူနိုင်တော့မှာပါ။ 6/128GB Model ကို ရူပီး ၃၆,၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်းလောက်ရှိပါတယ်။ Mirror Black, Mirror Teal နဲ့ Mirror White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

သူဟာ LG G8 ThinQ ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ G8s ThinQ နဲ့ G8 ThinQ တို့ နှစ်လုံးမှာ တူညီမှုများ ရှိသလို ကွဲပြားချက်များလည်း ရှိပါတယ်။ G8s ThinQ မှာ အနည်းငယ်ပိုကြီးတဲ့ ၆.၂ လက်မ OLED 2248x1080p Display ထည့်သွင်းထားပါတယ်။ 12MP Standard+12MP Telephoto+ 13MP Ultrawide Camera များ ပါပါတယ်။ ဘက်ထရီက 3500mAh ဖြစ်ပါတယ်။

G8 ThinQ မှာ ၆.၁ လက်မ 3120x1440p OLED Display ထည့်သွင်းထားပါတယ်။ ကင်မရာများက 12MP Standard + 12MP Telephoto + 16MP Ultrawide Triple Camera များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ ကင်မရာ နှစ်လုံး ထည့်သွင်းထားပြီး 8MP Main Camera နဲ့ Time of Flight(ToF) Sensor များ ဖြစ်ပါတယ်။ ဘက်ထရီက 3500mAh ဖြစ်ပါတယ်။

သူတို့ ၂ လုံးရဲ့ တူညီချက်များက Snapdragon 855 Chipset , 6GB RAM များ ထည့်သွင်းထားပါတယ်။ 8MP Selfie Camera နဲ့ အပို ToF 3D Camera များ ထည့်သွင်းထားပါတယ်။ Hand ID လုပ်ဆောင်ချက် ပါပြီး 3D Camera က လက်က သွေးကြောများကို စစ်ဆေးပြီး ဖုန်းကို Unlock လုပ်ပေးနိုင်ပါတယ်။ ကင်မရာက Face Unlock ပြုလုပ်ရာမှာလည်း ပိုမို လုံခြုံအောင် ကူညီပေးပါတယ်။ G8 ThinQ အတွက် Carmine Red, New Aurora Black နဲ့ Moroccan Blue အရောင်များ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

အနောက်ကင်မရာ ၃ လုံးပါတဲ့ LG G8s ThinQ ကို အိန္ဒိယမှာ ရောင်းပြီ

%d bloggers like this: