မီချီဂန် ပြည်နယ်မှာ ဒစ်ဂျစ်တယ် ကားနံပါတ်ပြားများကို အသုံးပြုနိုင်မယ့် ဥပဒေ အသစ်တစ်ခုကို ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် ဒစ်ဂျစ်တယ် ကားနံပါတ်ပြားများကို အမေရိကန်မှာသုံးနိုင်တဲ့ ပြည်နယ် သုံးခု ရှိသွားပါပြီ။ ကျန်ပြည်နယ်များက ကယ်လီဖိုးနီးယားနဲ့ အရီဇိုးနားတို့ ဖြစ်ပါတယ်။ သမားရိုးကျ သတ္တု ကားနံပါတ်ပြားများ အစား ဒစ်ဂျစ်တယ် ကားနံပါတ်ပြားများကို အသုံးပြုတဲ့ အတွက် အီလက်ထရောနစ် နည်းလမ်းဖြင့် မှတ်ပုံတင်ခြင်းများကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ် ကားနံပါတ်ပြားများမှာ ဖန်ဖြင့် ဖုံးအုပ်ထားတဲ့ Display များ ပါပါတယ်။ သူတို့ကို သာမာန် ကားနံပါတ်ပြားများလိုပဲ တပ်ဆင်ထားတာပါ။ ဒစ်ဂျစ်တယ် ကားနံပါတ်ပြားများမှာ Computer Chips နဲ့ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်များ ပါပါတယ်။ ဒစ်ဂျစ်တယ် ကားနံပါတ်ပြားရဲ့ အားသာချက်က ကားခိုးယူမှုများကို အသိပေးနိုင်ပါတယ်။ ဒါ့အပြင် လိုင်စင်သက်တမ်းကိုလည်း ဒစ်ဂျစ်တယ်နည်းနဲ့ တိုးနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို အလကား သုံးလို့ မရပါဘူး။ အခြေခံ ဗားရှင်းကို ၄၉၉ ဒေါ်လာနဲ့ GPS Navigation ပါတဲ့ အဆင့်မြင့် ဗားရှင်းကို ၇၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် တစ်လလျှင် ၇ ဒေါ်လာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ သူတို့ကို ပြည်နယ်ရဲ့ မော်တော်ယာဉ်ဌာနမှာ ဝယ်ယူလို့ မရပါဘူး။ ကယ်လီဖိုးနီးယား၊ အရီဇိုးနားနဲ့ မီချီဂန် ပြည်နယ် အားလုံးအတွက် Reviver Auto Company မှာ ဝယ်ယူရမှာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားမှာတော့ ဒီနည်းပညာ အသစ်ကို အသုံးပြုနိုင်ဖို့ ငါးနှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့ရပါတယ်။ မီချီဂန်မှာတော့ အချိန်တိုအတွင်းမှာ အသုံးပြုနိုင်တော့မှာပါ။ ပြည်နယ်အတွက် ဒစ်ဂျစ်တယ် ကား နံပါတ်ပြားများကို စတင် ထုတ်လုပ်နေပြီလို့ ထင်ရပါတယ်။ Reviver ရဲ့ ဝက်ဘ်ဆိုက်ကနေ ကြိုတင်မှာယူနိုင်ပါပြီ။
Ref : theverge
Michigan မှာ Digital License Plate ကို သုံးတော့မည်
You must log in to post a comment.