Jaguar Land Rover က မောင်းသူမဲ့ ကားတွေ စမ်းသပ်ပြီ

ဗိတိန်ရဲ့ အကြီးမားဆုံး ကားထုတ်လုပ်သူ Jaguar Land Rover က အများသုံးလမ်းမများမှာ သူ့ရဲ့ စက်ရုပ်ကားများကို စတင် စမ်းသပ်လိုက်ပါတယ်။ လက်ရှိမှာ အင်္ဂလန်နိုင်ငံ ကိုဗင်ထရီရဲ့ လမ်းများမှာ စမ်းသပ်တော့မယ်လို့ Reuters ကပြောပါတယ်။ ဒါပေမယ့် Jaguar က စမ်းသပ်မှုကို မကြာခင်မှာ တိုးချဲ့နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

မောင်းသူမဲ့ ကားများကို Jaguar Range Rover Sport ကားများကို အခြေခံ၍ တည်ဆောက်ထားပါတယ်။ မောင်းသူမဲ့ကား အများစုဟာ Hardware အပေါ်ကို များစွာ မှီခိုထားပါတယ်။ ဒါပေမယ့် Jaguar ရဲ့ မောင်းသူမဲ့ကားက ကွဲပြားပါတယ်။ သူ့မှာ Bumpers ပေါ်မှာ Sensors နဲ့ ကားရဲ့ ခေါင်မိုးမှာ အခြား ကိရိယာများ တပ်ဆင်ထားပါတယ်။ ယခုစမ်းသပ်မှုမှာ မောင်းသူမဲ့ကား အမှားများဖြစ်ပွားရင် ထိန်းကြောင်းဖို့ လူတစ်ဦး လိုက်ပါ ပါတယ်။

Jaguar က မောင်းသူမဲ့ ကားများကို ရောင်းချမယ့် အချိန်ကို မပြောသေးပေမယ့် လာမယ့်ဆယ်စုနှစ်အတွင်းမှာ တကယ် ဖြစ်လာတော့မယ်လို့ ပြောပါတယ်။ Jaguar သာမက ကမ္ဘာကျော် ကားထုတ်လုပ်သူများနဲ့ နည်းပညာကုမ္ပဏီများဟာ မောင်းသူမဲ့ ကားများကို ဖန်တီးနေကြပါတယ်။ Alphabet ရဲ့ Waymo ဟာ မောင်းသူမဲ့ တက္ကစီများကို ဖန်တီးဖို့ Lyft နဲ့ ပူးပေါင်းထားပါတယ်။ Uber ကလည်း မောင်းသူမဲ့ ကားများကို ဖန်တီးနေပါတယ်။

ဗြိတိန် အာဏာပိုင်များက မောင်းသူမဲ့ကားများကို ဥပဒေအရ ခွင့်ပြုပေးဖို့လည်း ဆန္ဒရှိနေပါတယ်။ “ Jaguar ဟာ မောင်းသူမဲ့ ကား စီမံကိန်းအတွက် အခြား ကုမ္ပဏီများနဲ့ ပူးပေါင်းရတာ ဂုဏ်ယူစရာပါ။ လာမယ့် ဆယ်စုနှစ်အတွင်းမှာ မောင်းသူမဲ့ ကားများဟာ တကယ် ဖြစ်လာတော့မှာပါ။ “ လို့ ကုမ္ပဏီကပြောပါတယ်။

Ref : digitaltrends

Jaguar Land Rover က မောင်းသူမဲ့ ကားတွေ စမ်းသပ်ပြီ

%d bloggers like this: