OPPO K5 ရဲ့ Specs တွေ Geekbench ကနေ ထွက်ပေါ်လာ

OPPO K5 ကို ဒီတစ်ပတ် အစောပိုင်းက TENAA မှာ မှတ်ပုံတင်ထားပြီး သူ့ရဲ့ Specs အများစုကို တွေ့ခဲ့ရပါတယ်။ သူ့မှာ Snapdragon 730 Chipset ထည့်သွင်းထားပြီး ပင်မ Core ရဲ့ Clock Speed ဟာ 2.2GHz ဖြစ်ပါတယ်။ အခုတော့ Geekbench မှာ သူ့ကို မှတ်ပုံတင်လိုက်ပြီး စွမ်းအင် စားသုံးမှု နည်းပါးတဲ့ Core ဟာ 1.8GHz ဖြစ်မယ်ဆိုတာ သိလိုက်ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း OPPO က သူ့မှာ ဂိမ်း အသားပေး Snapdragon 730G ပါလာမယ်လို့ ဝီဘိုမှာ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် VOOC 4.0 Rapid Charging နည်းပညာ ထည့်သွင်းထားမှာပါ။ Snapdragon 730G ဟာ 8nm Chipset ဖြစ်ပြီး ဂိမ်း ကစားရာမှာ ဂရပ်ဖစ် စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ K5 ဟာ VOOC 4.0 Flash Charge နည်းပညာပါတဲ့ ပထမဆုံး OPPO Phone ဖြစ်လာမှာပါ။ VOOC 3.0 ထက် အားသွင်းချိန်ဟာ ၄၀ ရာခိုင်နှုန်း ပိုမြန်လာမှာပါ။
ထွက်ပေါ်နေတဲ့ သတင်းတွေအရ K5 မှာ ၆.၄ လက်မ Full HD+ AMOLED Display ထည့်သွင်းထားမှာ ဖြစ်ပြီး မျက်နှာပြင် အချိုးက 19.5:9 ဖြစ်ပါတယ်။ 8GB RAM , 128GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ အရှေ့ဘက်မှာ 32MP Camera ကို Notch မှာ တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ 64MP Quad Camreas ၊ 8MP Ultrawide Lens နဲ့ 2MP Camera ၂ လုံးပါလာမှာပါ။ တခြား Specs တွေက မကြာခင်က ကြေညာထားတဲ့ Realme X2 နဲ့ တူညီမှာပါ။ K5 ရဲ့ ဈေးနှုန်းတွေကို မသိရသေးပါဘူး။ OPPO က အောက်တိုဘာလ ၁၀ ရက်နေ့မှာ စွမ်းရည်မြင့် Reno Ace နဲ့အတူ K5 ကိုပါ ကြေညာတော့မှာပါ။

Ref : gsmarena

OPPO K5 ရဲ့ Specs တွေ Geekbench ကနေ ထွက်ပေါ်လာ

%d bloggers like this: