ခေါက်ချိုး ဖုန်း Motorola RAZR ကို ဒီနှစ်ကုန်မှာ ရောင်းမည်

ခေါက်ချိုး ဖုန်းတွေဟာ သယ်ဆောင်ရလွယ်ကူသလို ဖြန့်လိုက်ရင်လည်း ကြီးမားတဲ့ မျက်နှာပြင်ကို အသုံးပြုနိုင်တဲ့အတွက် အရမ်းကို မိုက်ပါတယ်။ အနာဂတ်ရဲ့ စမတ်ဖုန်းလို့တောင် ညွှန်းဆိုနိုင်ပါတယ်။ Samsung နဲ့ Huawei တို့က သူတို့ရဲ့ ပထမဆုံး ခေါက်ချိုး စမတ်ဖုန်းတွေကို မိတ်ဆက်ပြီးပါပြီ။ ခေါက်ချိုး စမတ်ဖုန်း ဖန်တီးနေတဲ့ ကုမ္ပဏီတွေရှိပါတယ်။ အဲဒီအထဲမှာ Motorola လည်း ပါပါတယ်။ ခေါက်ချိုး ဖုန်း Motorola RAZR ရဲ့ သတင်းနဲ့ ဓါတ်ပုံတွေ ထွက်ပေါ်နေတာ ကြာပါပြီ။ အခုတော့ ဒီနှစ်ကုန်မှာ ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။

အရင်သတင်းတွေအရ ဈေးကတော့ ယူရို ၁၅၀၀ ပါ။ Galaxy Fold နဲ့ Huawei Mate X တို့ထက် ဈေးသက်သာမှာပါ။ သူ့ရဲ့ အပြင်ဘက်မှာ မျက်နှာပြင်ငယ် ၁ ခု ပါပြီး Notifications နဲ့ Status Icon တွေကို ပြသပေးပါတယ်။ Yanko Design က Sarang Sheth ဖန်တီးထားတဲ့ သူ့ရဲ့ Concept Image တွေကို လေ့လာနိုင်ပါတယ်။ သူဟာ ဒီဇိုင်းအပိုင်းမှာ Samsung Galaxy Fold နဲ့ Huawei Mate X တို့ထက် လန်းအောင်ပြုလုပ်ထားမှာပါ။

Motorola Razr ဟာ ဟိုးအရင်က ခေါက်ဖုန်းတွေ ပုံစံအတိုင်း Display ကို ဒေါင်လိုက် ချိုးချနိုင်မယ့် ဒီဇိုင်းဖြစ်တာ တွေ့ရပါတယ်။ ဒါပေမယ့် ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ပါလာမှာပါ။ မတူညီတဲ့ ဒီဇိုင်းများနဲ့ ခေါက်ချိုး ဖုန်းများကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ Razr ရဲ့ ဒီဇိုင်းကလည်း တစ်မျိုးကွဲထွက်နေပါတယ်။

မကြာခင်က ကြေညာခဲ့တဲ့ ခေါက်ချိုးဖုန်းများက စွမ်းရည်မြင့်များပါ။ ဒါပေမယ့် Razr မှာ Snapdragon 710 Chipset, 4/6GB RAM , 64/128GB Storage များ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 2730mAh Battery သာ ပါမှာဖြစ်တဲ့ အတွက် ဘက်ထရီသက်တမ်း အားနည်းပေမယ့် ပေါ့ပါးမှာပါ။ ပင်မ မျက်နှာပြင်အကြီးဟာ ၆.၂ လက်မ ဖြစ်ပြီး 876x2142p Resolution ရှိပါတယ်။ အပြင်ဘက်မှာ မျက်နှာပြင်ငယ် အပိုပါပြီး 600×800 Resolution ဖြစ်ပါတယ်။ သူ့ရဲ့ အရွယ်အစားကို မသိရသေးပါဘူး။

အနက်၊ အဖြူနဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ ကင်မရာ ၁ လုံးသာ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena

ခေါက်ချိုး ဖုန်း Motorola RAZR ကို ဒီနှစ်ကုန်မှာ ရောင်းမည်

%d bloggers like this: