သိန္း ၅၀ ေက်ာ္တန္တဲ့ ေရႊနဲ႔ ျပဳလုပ္ထားတဲ့ iPhone 11 Pro

မေန႔တစ္ေန႔ကပဲ သိန္း ၄၀ ေက်ာ္တန္ Xiaomi Mi Mix Alpha ေၾကာင့္ Facebook မွာ ဆူဆူေလာင္ေလာင္ေတြ ျဖစ္ခဲ့ရပါတယ္။ အခုေတာ့ အဲဒီဖုန္းထက္ ေစ်းႀကီးတဲ့ ဖုန္း ေပၚလာပါၿပီ။ အဲဒါကေတာ့ Legend Helsinki ရဲ႕ ေရႊနဲ႔ ျပဳလုပ္ထားတဲ့ iPhone 11 Pro ျဖစ္ပါတယ္။ ေရႊ ၁၈ ကာရက္ နဲ႔အလွဆင္ထားၿပီး ယူရို ၃,၃၉၀ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၅၇ သိန္းေလာက္ ရွိပါတယ္။ မူလ iPhone 11 Pro က ယူရို ၁,၀၄၉ သာရွိၿပီး ျမန္မာေငြ ၁၇ သိန္းေက်ာ္ေလာက္သာ ရွိပါတယ္။

သိန္း ၅၀ ေက်ာ္ထက္ ေစ်းႀကီးတာကို လိုခ်င္ေသးရင္လည္း ရပါေသးတယ္။ Legend က ေက်ာက္မ်က္ရတနာေတြနဲ႔ စီျခယ္ထားတဲ့ Emperor Edition ကိုလည္း ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ပါတယ္။ User သံုးခ်င္တဲ့ ေက်ာက္မ်က္ရတနာရဲ႕ အရည္အေသြးေပၚမူတည္ၿပီး ေစ်းႏႈန္း သတ္မွတ္မွာပါ။

Legend က iPhone ေတြအတြက္ ဒီဇိုင္းမ်ားစြာ ထုတ္လုပ္ေရာင္းခ်ေပးေလ့ရွိပါတယ္။ ဒီႏွစ္ iPhone အသစ္ေတြအတြက္ေတာ့ ဒီဇိုင္းနည္းနည္းသာ လက္ရွိမွာ ထုတ္ေပးထားပါတယ္။ အဲဒီထဲမွာ Firmamentum လည္း ပါၿပီး လက္တင္ကေန ဘာသာျပန္ရင္ Vault လို႔ အဓိပၸါယ္ရပါတယ္။ ေငြေနာက္ခံျပားေပၚမွာ ေရႊ မူလီေတြ စုပ္ထာၿပီး Apple Logo ကို ပုလဲနဲ႔ ပံုေဖာ္ထားပါတယ္။ ၁၀ လံုးသာ ထုတ္လုပ္ထားၿပီး ဒီဇိုင္းက အရမ္းကို ခန္႔ထည္ပါတယ္။ ယူရို ၃,၄၉၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၅၈ သိန္းေက်ာ္ တန္ေၾကးရွိပါတယ္။

AirPods Fans ေတြအတြက္ ေရႊ ၂၄ ကာရက္ ဒါမွမဟုတ္ ပလက္တီနမ္နဲ႔ အလွဆင္ထားတဲ့ ေမာ္ဒယ္ကို ယူရို ၁,၁၉၀ နဲ႔ ေရာင္းခ်ေပးမွာပါ။ ျမန္မာေငြ သိန္း ၂၀ ေလာက္ရွိပါတယ္။ Legend က အဲဒီ ထုတ္ကုန္အားလံုးကို Customer ရဲ႕ စိတ္တိုင္းက် ဒီဇိုင္းအတိုင္း ဖန္တီး ေရာင္းခ်မွာပါ။

Ref : gsmarena

[Unicode]

သိန်း ၅၀ ကျော်တန်တဲ့ ရွှေနဲ့ ပြုလုပ်ထားတဲ့ iPhone 11 Pro

မနေ့တစ်နေ့ကပဲ သိန်း ၄၀ ကျော်တန် Xiaomi Mi Mix Alpha ကြောင့် Facebook မှာ ဆူဆူလောင်လောင်တွေ ဖြစ်ခဲ့ရပါတယ်။ အခုတော့ အဲဒီဖုန်းထက် ဈေးကြီးတဲ့ ဖုန်း ပေါ်လာပါပြီ။ အဲဒါကတော့ Legend Helsinki ရဲ့ ရွှေနဲ့ ပြုလုပ်ထားတဲ့ iPhone 11 Pro ဖြစ်ပါတယ်။ ရွှေ ၁၈ ကာရက် နဲ့အလှဆင်ထားပြီး ယူရို ၃,၃၉၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၇ သိန်းလောက် ရှိပါတယ်။ မူလ iPhone 11 Pro က ယူရို ၁,၀၄၉ သာရှိပြီး မြန်မာငွေ ၁၇ သိန်းကျော်လောက်သာ ရှိပါတယ်။

သိန်း ၅၀ ကျော်ထက် ဈေးကြီးတာကို လိုချင်သေးရင်လည်း ရပါသေးတယ်။ Legend က ကျောက်မျက်ရတနာတွေနဲ့ စီခြယ်ထားတဲ့ Emperor Edition ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ User သုံးချင်တဲ့ ကျောက်မျက်ရတနာရဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်း သတ်မှတ်မှာပါ။

Legend က iPhone တွေအတွက် ဒီဇိုင်းများစွာ ထုတ်လုပ်ရောင်းချပေးလေ့ရှိပါတယ်။ ဒီနှစ် iPhone အသစ်တွေအတွက်တော့ ဒီဇိုင်းနည်းနည်းသာ လက်ရှိမှာ ထုတ်ပေးထားပါတယ်။ အဲဒီထဲမှာ Firmamentum လည်း ပါပြီး လက်တင်ကနေ ဘာသာပြန်ရင် Vault လို့ အဓိပ္ပါယ်ရပါတယ်။ ငွေနောက်ခံပြားပေါ်မှာ ရွှေ မူလီတွေ စုပ်ထာပြီး Apple Logo ကို ပုလဲနဲ့ ပုံဖော်ထားပါတယ်။ ၁၀ လုံးသာ ထုတ်လုပ်ထားပြီး ဒီဇိုင်းက အရမ်းကို ခန့်ထည်ပါတယ်။ ယူရို ၃,၄၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅၈ သိန်းကျော် တန်ကြေးရှိပါတယ်။

AirPods Fans တွေအတွက် ရွှေ ၂၄ ကာရက် ဒါမှမဟုတ် ပလက်တီနမ်နဲ့ အလှဆင်ထားတဲ့ မော်ဒယ်ကို ယူရို ၁,၁၉၀ နဲ့ ရောင်းချပေးမှာပါ။ မြန်မာငွေ သိန်း ၂၀ လောက်ရှိပါတယ်။ Legend က အဲဒီ ထုတ်ကုန်အားလုံးကို Customer ရဲ့ စိတ်တိုင်းကျ ဒီဇိုင်းအတိုင်း ဖန်တီး ရောင်းချမှာပါ။

Ref : gsmarena

%d bloggers like this: