စမတ်နာရီတွေမှာ လှုပ်ရှားမှုတိုင်းကို ခြေရာခံပေးနိုင်မယ့် Google Fit update ဗားရှင်းထွက်ပေါ်လာ

google_fit_app_update_android_wear

 

Google ဟာ သူတို့ထုတ်လုပ်ထားတဲ့ Goolge Fit ဆိုတဲ့ ကျန်းမာရေး နဲ့ ကာယကြံ့ခိုင်မှု App ကို လုပ်ဆောင်ချက်အသစ်တွေနဲ့ Update ပြုလုပ်လိုက်ပါတယ်။ စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ထားတဲ့ App ကတော့ ဒီအတိုင်းပဲ ဆက်ရှိနေပြီး Android Wear ဗားရှင်းမှာတော့ ပြောင်းလဲမှုတွေ ရှိလာခဲ့ပါတယ်။

Android Wear အသုံးပြုသူတွေအနေနဲ့ Google Fit v1.56 ဆိုတဲ့ ဗားရှင်းမှာ Activity မျက်နှာပြင်အသစ်တစ်ခု နဲ့အတူ စမတ်နာရီတွေမှာ Activity Tracker တွေကို စတင်/ရပ်နား ခြင်းတွေ ပြုလုပ်နိုင်နေပါပြီ။ “Start Challenge” ဆိုတဲ့ စာမျက်နှာဟာလည်း “Start Activity” ဆိုတဲ့ စာမျက်နှာ အဖြစ် ပြောင်းလဲသွားပြီး App ရဲ့ အတွင်းပိုင်းမှာရှိတဲ့ ၅ ခုမြောက်မျက်နှာပြင်ကို ဘယ်မှာညာ သို့ ပွတ်ရွှေ့ခြင်းနဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Challenge ကဏ္ဍမှာလည်း အောက်ဆုံးနေရာကို ပြောင်းရွှေ့ထားပြီး Walking ၊ Running နဲ့ Biking ဆိုတဲ့ ရွေးချယ်စရာ ၃ မျိုးကို ခွင့်ပြုထားတယ်လို့ သိရပါတယ်။ Acitivity ကဏ္ဍမှာလည်း အချိန်ရေတွက်ခြင်း(Countdown Timer) ဟာ Android Wear စမတ်နာရီတွေရဲ့  မျက်နှာပြင်ကို ထိလိုက်ရုံနဲ့ စတင်နိုင်ပါတယ်။ Timer ကို ရပ်ဖို့ ၊ ပြန်စဖို့ စတဲ့ ရွေးချယ်ခွင့်တွေကိုလည်း ပေးထားပါတယ်။

အသုံးပြုသူတွေဟာ ကယ်လိုရီ ၊ ကြာချိန် ၊ အကွာအဝေး ၊ ခြေလှမ်းအရေအတွက် ၊ တစ်နေ့တာ အချိန် စတဲ့ လုပ်ငန်းစဉ်တွေအတွက် ရွေးချယ်ခွင့် ၃ ခုကိုလည်း ရရှိမယ်လို့ သိရပါတယ်။လေ့ကျင့်ခန်းလုပ်ငန်းစဉ် တစ်ခုခုကို လုပ်ဆောင်နေစဉ်မှာလည်း စမတ်နာရီရဲ့  Activity မျက်နှာပြင်ဟာ အသုံးပြုသူက App ကို မထွက်မချင်း နာရီတစ်ခုရဲ့  မျက်နှာပြင်အနေနဲ့သာ ပြသနေမှာပါ။ လုပ်ငန်းစဉ်တစ်ခုပြီးစီးတိုင်း Google Fit app က သင့်လုပ်ငန်းစဉ်ရဲ့  အကျဥ်းချုပ် ရလဒ် တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။

ဒီ Update ဗားရှင်းကိုတော့ Google Play ကတဆင့် ဒေါင်းလုဒ်ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

Ref : Gadgets 360

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category