Triple Rear Camera ပါတဲ့ Lenovo K10 Plus ကို ကြေညာ

Lenovo က ဒီလ အစောပိုင်းမှာ K10 Note ကို ကြေညာခဲ့ပြီး အခုတော့ K10 Plus ကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ ၆.၂၂ လက်မ 19:9 HD+ Display ထည့်သွင်းထားပြီး Waterdrop Notch ပါပါတယ်။ 16MP Selfie Camera ထည့်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main , 8MP Ultrawide နဲ့ 5MP Depth Sensor တွေ ပါပါတယ်။

သူ့မှာ Snapdragon 632 SoC , 4GB RAM ထည့်သွင်းထားပါတယ်။ Android Pie အခြေပြု ZUI 11 ထည့်ထားပါတယ်။ 64GB Storage ပါတဲ့အပြင် 2TB microSD Card စိုက်နိုင်ပါတယ်။
Lenovo K10 Plus အတွက် အနက်နဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး Fast Charging ပါတဲ့ 4,050mAh Battery ပါပါတယ်။ ရူပီး ၁၀,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၂၃၀,၀၀၀ လောက်ရှိပါတယ်။ အိန္ဒိယမှာ Flipkart ကနေ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

Triple Rear Camera ပါတဲ့ Lenovo K10 Plus ကို ကြေညာ

%d bloggers like this: