64MP Camera ပါလာမယ့် Samsung Galaxy A70s

Galaxy A70s ရဲ့ သတင်းတွေထွက်နေတာ လအနည်းငယ်ရှိပါပြီ။ အခုလည်း သူ့ရဲ့ သတင်းအချက်အလက်တွေကို TENAA မှာ ဖော်ပြထားပါတယ်။ သူ့မှာ 4400mAh Battery နဲ့ အရွယ်ကြီး ၆.၇ လက်မ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အရင်ကတော့ 5000mAh Battery ပါလာမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 164.2 x 76.7 x 7.9 mm ဖြစ်ပြီး A70 နဲ့ တူညီပါတယ်။

ဘက်ထရီနဲ့ အရွယ်အစားက A70 နဲ့ တူပေမယ့် ကွဲပြားတာတွေ ရှိပြီး 64MP ISOCELL Bright GM1 Sensor ပါလာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ 64MP Camera Sensor ဟာ Low-light Photo များအတွက် အလွန်ကို ကောင်းမွန်မှာ ဖြစ်ပါတယ်။ Dynamic Range များကလည်း အရမ်းကို လန်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် A70 မှာလို Snapdragon 675 CPU မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

A70s ကို အောက်တိုဘာလ အစောပိုင်းမှာ ကြေညာနိုင်ပြီး အိန္ဒိယမှာ ရူပီး ၃၂ ၉၉၀ နဲ့ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၇၀၀ ၀၀၀ လောက်ရှိနိုင်ပါတယ်။

Ref : gsmarena

64MP Camera ပါလာမယ့် Samsung Galaxy A70s

%d bloggers like this: