ငလျင်လှုပ်တော့မယ်ဆိုရင် ကြိုတင် အသိပေးမယ့် MIUI 11

Xiaomi ရဲ့ MIUI ဟာ ၉ နှစ်သက်တမ်း ရှိပါပြီ။ အခုလည်း ကုမ္ပဏီက MIUI 11 ကို လာမယ့် ၁ ပတ်မှာ Mi Mix Alpha , Mi 9 Pro 5G တို့နဲ့အတူ တရုတ်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ တရားဝင် ကြေညာမှု မတိုင်ခင်မှာ ကုမ္ပဏီက MIUI 11 ရဲ့ လုပ်ဆောင်ချက်တချို့ကို မျှဝေနေပါတယ်။ အခုလည်း MIUI 11 မှာ ငလျင်လှုပ်တော့မယ်ဆိုရင် ကြိုတင် အသိပေးမယ့် လုပ်ဆောင်ချက် ပါမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။

MIUI ရဲ့ ထုတ်ကုန် ဒါရိုက်တာနဲ့ အထွေထွေမန်နေဂျာ ဖြစ်သူက ငလျင်ခန့်မှန်းရာမှာ ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီလုပ်ဆောင်ချက်ကို ဖန်တီးထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ သင့် ပတ်ဝန်းကျင်မှာ ငလျင်လှုပ်တော့မယ်ဆိုရင် စမတ်ဖုန်းက Pop-up Window , Alarm Sound တွေနဲ့ သတိပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနီးအနားက သဘာဝဘေးအန္တရာယ် ခိုလှုံရေး စခန်းတွေ၊ အရေးပေါ် အဆက်အသွယ်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှု အဆက်အသွယ်တွေနဲ့ ကယ်ဆယ်ရေး သတင်းအချက်အလက်တွေကိုပါ ပြသပေးမှာ ဖြစ်ပါတယ်။

မကြာခင်ကပဲ ကုမ္ပဏီက MIUI 11 မှာ Animations ပြသတာကို နှေးအောင် ပြုလုပ်ထားတဲ့အတွက် ရုပ်ထွက်တွေက ပိုလှတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Children’s Space လုပ်ဆောင်ချက်ကြောင့် မိဘတွေက ကလေးတွေရဲ့ ဖုန်း အသုံးပြုမှုကို ကန့်သတ်ထားနိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေအတွက် ပညာရေးနဲ့ ဖျော်ဖြေရေးနဲ့ ဆိုင်တဲ့ App တွေကို အဲဒီမှာ ထည့်သွင်းပေးထားနိုင်ပါတယ်။ ဒီလ ၂၄ ရက်နေ့မှာ MIUI 11 ကို ကြေညာတော့မှာပါ။

Ref : gizmochina

ငလျင်လှုပ်တော့မယ်ဆိုရင် ကြိုတင် အသိပေးမယ့် MIUI 11

%d bloggers like this: