Xiaomi 8K Mi TV Pro ရဲ့ ဗီဒီယိုကို မျှဝေ

Xiaomi က ဒီလ ၂၄ ရက်နေ့မှာ 8K Mi TV Pro ကို ကြေညာတော့မှာပါ။ မကြေညာခင်မှာ တရုတ်က စတိုး ၁ ခုမှာ TV ကို ပြသထားပြီး ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ Customers တွေက စတိုးမှ 8K Mi TV Pro ကို လေ့လာပြီးနောက် သူတို့ရဲ့ တုန့်ပြန်မှုတွေကို ရိုက်ပြထားတဲ့ ဗီဒီယို ၁ ခုကို ကုမ္ပဏီက တရုတ်လူမှုကွန်ရက် ဝီဘိုမှာ မျှဝေလိုက်ပါတယ်။

သူဟာ 8K ပါတဲ့ Xiaomi ရဲ့ ပထမဆုံး Mi TV Pro ဖြစ်ပါတယ်။ Full Screen Design ဖြစ်ပြီး ဘေးဘောင်တွေက အရမ်းကို ပါးလွှာပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ဒီဇိုင်းက အလန်းစား ဖြစ်ပါတယ်။ TV ကို လာရောက် လေ့လာသူတွေကို အင်တာဗျူးတဲ့ အခါမှာ ဒီဇိုင်းဟာ အရမ်းကို စွဲဆောင်မှုရှိတယ်လို့ အများစုက ပြောပါတယ်။ အဲဒီ လူတွေဟာ TV ကို စမ်းသပ် အသုံးပြုခွင့်ရခဲ့ကြပြီး Apps တွေဟာ လျှင်မြန်သွက်လက်စွာ အလုပ်လုပ်တာ မြင်ရပါတယ်။
အရမ်းကို ပါးလွှာတဲ့ ဘေးဘောင်တွေပါတဲ့ High-resolution Display တွေဟာ အရမ်းကို ကြည့်ရှုလို့ ကောင်းမွန်ပါတယ်။ သတ္တုကိုယ်ထည်က တန်ဖိုးကြီး အလန်းစား ဒီဇိုင်းပုံပေါက်စေပါတယ်။ 8K Mi TV Pro မှာ Android Pie အခြေပြု PatchWall 2.0 မောင်းနှင်ထားမှာ ဖြစ်ပြီး လျှင်မြန်သွက်လက်မှာ ဖြစ်ပါတယ်။ သူနဲ့အတူ Xiaomi Mi 9 Pro 5G နဲ့ Mi Mix Alpha တွေကိုပါ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gizmochina

Xiaomi 8K Mi TV Pro ရဲ့ ဗီဒီယိုကို မျှဝေ

%d bloggers like this: