Realme X2 မွာ 4,000mAh Battery နဲ႔ 30W VOOC Flash Charge 4.0 ပါမွာ ေသခ်ာၿပီ

Realme X2 ကို ဒီလ ၂၄ ရက္ေန႔မွာ တရုတ္မွာ ေၾကညာေတာ့မွာပါ။ အခုေတာ့ ကုမၸဏီက သူ႔မွာ မၾကာခင္က ေၾကညာထားတဲ့ 30W VOOC Flash Charge 4.0 ပါတဲ့ 4,000mAh Battery ပါမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ 30W Charging နဲ႔ဆိုရင္ 4,000mAh Battery ကို မိနစ္ ၃၀ အတြင္းမွာ ၀ ကေန ၆၇ ရာခုိင္ႏႈန္း အားျဖည့္ေပးပါတယ္။

Realme ရဲ႕ Chief Marketing Officer ျဖစ္တဲ့ Francis Wang က Realme X2 ဟာ တရုတ္မွာ Realme XT ကို နာမည္ေျပာင္းေရာင္းခ်တာလို႔ ေျပာထားပါတယ္။ မၾကာခင္ကလည္း ကုမၸဏီက သူ႔မွာ Qualcomm Snapdragon 730G SoC ပါမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ Realme XT မွာ Snapdragon 712 SoC ထည့္ထားတာပါ။ သူတို႔ ၂ လံုးမွာ ကြဲျပားမႈ အနည္းငယ္ ပါလာမွာပါ။

အရင္ကလည္း Realme X2 မွာ 32MP Front Camera ပါလာမယ္လို႔ ကုမၸဏီက ေျပာထားပါတယ္။ Realme XT မွာ 16MP Camera သာ ထည့္ထားတာပါ။ အျခား Specs ေတြက သူတို႔ ၂ လံုးဟာ တူညီႏိုင္ပါတယ္။ တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ကုမၸဏီက မွ်ေ၀ထားတဲ့ Teaser Image အရ Realme X2 မွာ အေနာက္ကင္မရာ ၄ လံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး 64MP Main Camera ပါလာမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Realme X2 မှာ 4,000mAh Battery နဲ့ 30W VOOC Flash Charge 4.0 ပါမှာ သေချာပြီ

Realme X2 ကို ဒီလ ၂၄ ရက်နေ့မှာ တရုတ်မှာ ကြေညာတော့မှာပါ။ အခုတော့ ကုမ္ပဏီက သူ့မှာ မကြာခင်က ကြေညာထားတဲ့ 30W VOOC Flash Charge 4.0 ပါတဲ့ 4,000mAh Battery ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ 30W Charging နဲ့ဆိုရင် 4,000mAh Battery ကို မိနစ် ၃၀ အတွင်းမှာ ၀ ကနေ ၆၇ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

Realme ရဲ့ Chief Marketing Officer ဖြစ်တဲ့ Francis Wang က Realme X2 ဟာ တရုတ်မှာ Realme XT ကို နာမည်ပြောင်းရောင်းချတာလို့ ပြောထားပါတယ်။ မကြာခင်ကလည်း ကုမ္ပဏီက သူ့မှာ Qualcomm Snapdragon 730G SoC ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ Realme XT မှာ Snapdragon 712 SoC ထည့်ထားတာပါ။ သူတို့ ၂ လုံးမှာ ကွဲပြားမှု အနည်းငယ် ပါလာမှာပါ။

အရင်ကလည်း Realme X2 မှာ 32MP Front Camera ပါလာမယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။ Realme XT မှာ 16MP Camera သာ ထည့်ထားတာပါ။ အခြား Specs တွေက သူတို့ ၂ လုံးဟာ တူညီနိုင်ပါတယ်။ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ကုမ္ပဏီက မျှဝေထားတဲ့ Teaser Image အရ Realme X2 မှာ အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 64MP Main Camera ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: