Huawei Mate 30 နဲ့ Mate 30 Pro ရဲ့ အဓိက ကွာခြားချက်များ

Huawei က သူ့ရဲ့ အလန်းစား Mate 30 နဲ့ Mate 30 Pro ကို ကြေညာလိုက်ပါပြီ။ သူတို့ ၂ လုံးမှာ အဓိက ကွာခြားချက် အနည်းငယ် ရှိပါတယ်။

Mate 30 Pro မှာ Horizon Display ပါပေမယ့် လူတိုင်းက Curved Display ကို မကြိုက်ကြပါဘူး။ သူ့ရဲ့ Display ဟာ လဲရမယ်ဆိုရင် Mate 30 ထက် ပိုဈေးကြီးမှာပါ။ Mate 30 မှာ နားကြပ်ပေါက်ပါပြီး Pro Model မှာ မပါလာပါဘူး။ အရင်နှစ်ထုတ် Mate 20 နဲ့ မတူတာက Mate 30 မှာ ကြိုးမဲ့အားသွင်းစနစ် ပါလာတာပါ။ အားသွင်းနှုန်းက Pro Model နဲ့ တူပါတယ်။

Pro Model ဟာ ၃၀၀ ယူရို ဈေးပိုများပါတယ်။ Display က ပိုလန်းပါတယ်။ ဒါ့အပြင် 3D Face Unlock , Reverse Wireless Charging တွေ အပိုပါပါတယ်။ IP Rating က ပိုကောင်းပါတယ်။ 40MP Cine Camera ကြောင့် အလန်းစား 7680fps Slow Motion Video တွေ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်မှာ Gesture Sensor ပါတဲ့ အတွက် Gesture Control တွေ သုံးနိုင်ပါတယ်။ အရင်နှစ်ထုတ် Mate 20 Pro ထက် Reverse Wireless Charging က ၃ ဆ ပိုမြန်လာပါတယ်။

Ref : gizmochina

Huawei Mate 30 နဲ့ Mate 30 Pro ရဲ့ အဓိက ကွာခြားချက်များ

%d bloggers like this: