Facebook နဲ့ Ray-Ban တို့ ပူးပေါင်းပြီး AR Smart Glasses ကို ဖန်တီးနေလို့ ဆို

Facebook က AR Smart Glasses ကို ဖန်တီးနေပြီး လာမယ့်နှစ်တွေအတွင်းမှာ ရောင်းချနိုင်တယ်လို့ CNBC က ပြောပါတယ်။ Smart Glasses ရဲ့ လျှို့ဝှက် နာမည်မှာ Orion ဖြစ်ပြီး ဖုန်းပြောနိုင်ပါတယ်။ ဗီဒီယို ရိုက်ကူးနိုင်ပြီး အွန်လိုင်းမှာ တိုက်ရိုက် မျှဝေနိုင်မှာပါ။ ဝတ်ဆင်သူကို မျက်မှန်က Display ကနေ သတင်းအချက်အလက်တွေကို ပြသတဲ့ အခါ AR Image တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။

Facebook က Ray-Ban ရဲ့ မိခင် ကုမ္ပဏီ Luxottica နဲ့ ပူးပေါင်းပြီး အဲဒီ AR Smart Glasses ကို ဖန်တီးနေတာ ဖြစ်ပါတယ်။ စတိုင်ကျလှပအောင် ဒီဇိုင်းထုတ်ထားမှာ ဖြစ်ပါတယ်။ Ray-Ban ဟာ ဒီဇိုင်းလှပတဲ့ နေကာမျက်မှန်တွေကို ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးပါတယ်။ အဲဒီအတွက် ကုမ္ပဏီ ၂ ခု ပူးပေါင်းထုတ်လုပ်တဲ့ စမတ် မျက်မှန်ဟာ အရမ်းလန်းနိုင်ပါတယ်။

Facebook က AR မျက်မှန်တွေ တီထွင်နေတဲ့ သတင်းတွေဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက ထွက်နေတာပါ။ အဲဒီ ဒီမျက်မှန်ဟာ ပုံရိပ်ယောင်ပစ္စည်းတွေကို ဝတ်ဆင်ထားချိန်မှာ တွဲစပ်ပြသမှာ ဖြစ်ပြီး Facebook Posts နဲ့ Notification တွေမှာ မိမိအမြင်နဲ့ ခံစားမှုအတိုင်း တကမ္ဘာလုံးကို ပြသလို့ရမှာဖြစ်ပါတယ်။အသုံးပြုသူ အချင်းချင်း ချိတ်ဆင်ပြီး တနေရာထဲမှာ ထိုင်နေပေမယ့်လည်း လည်ပတ်မှုတွေ လုပ်နိုင်မှာဖြစ်ပါတယ်။

မျက်မှန်ရဲ့ Wave Guide Display က ပုံရိပ်ယောင်ဖြစ်တဲ့ ပုံတွေကို ကမ္ဘာမှာ တကယ်ရှိနေတဲ့ ပုံစံ ပြသပေးမှာဖြစ်ပါတယ်။ သူနဲ့ အလားသဏ္ဍာန်တူ တွဲစပ်အသုံးပြုရမှာက Microsoft ရဲ့ HoloLens AR headset ဖြစ်ပါတယ်။ ကောလဟလ သတင်းများအရ Apple နဲ့ Snapchat ကလဲ AR မျက်မှန်နဲ့ ပုံစံတူကို လုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။

Ref : techradar

Facebook နဲ့ Ray-Ban တို့ ပူးပေါင်းပြီး AR Smart Glasses ကို ဖန်တီးနေလို့ ဆို

%d bloggers like this: