ကမ္ဘာ့ပထမဆုံး Dual Pop-Up Selfie Camera ပါဝင်မည့် Vivo V17 Pro ကို Pre Order စတင်မှာယူနိုင်ပြီ

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်သော Vivo ဟာ မကြာသေးမီက နည်းပညာပိုင်းမြင့်မားပြီး ကင်မရာလေးလုံးပါဝင်သည့် V15 Pro မိတ်ဆက်အပြီးမှာတော့ အခု dual pop-up selfie camera စနစ် ပထမဆုံးပါဝင်လာသည့် V17 Pro ကို ထပ်မံ၍ မြန်မာပြည်ဈေးကွက်ထဲမှာ တရားဝင် မိတ်ဆက်တော့မည်ဖြစ် သည်။

လူငယ်များအတွက် အဓိကဦးစားပေးထုတ်လုပ်သော Vivo ကုမ္ပဏီအနေဖြင့် ယခုအခါထပ်မံ ထွက်ရှိလာမည့် V17 Pro ထဲမှာလည်း ရင်ခုန်စိတ်လှုပ်ရှားစရာပြည့်နှက်နေတဲ့ နည်းပညာတွေ ထပ်မံဖြည့်စွက်ထားပုံကို အံ့အားသင့်စရာမြင်တွေ့ရတော့မည်ဖြစ်ပါသည်။

Vivo V17 Pro ၏ dual-pop-up (32-megapixel) selfie camera နဲ့ (8-megapixel) wide-angle camera က ဖုန်းအလယ်တည့်တည့် ထိပ်ကနေပေါ် ထွက်လာမည်ဖြစ်ပါသည်။ Selfie Camera ၂ ခုအကြားမှာ low selfie softlight ကို ထည့်သွင်းပေးထားသည့်အတွက်  ညအမှောင်တွင် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မည့်အပြင် ဖုန်းနောက်ကျောတွင် အဆင့်မြင့် ရုပ်ထွက်ကြည်လင်သော 48MP Main Camera၊ Zoom ချဲ့နိုင်စွမ်း 2 X ပါရှိသည့် 13MP Telephoto Camera၊ အထူးမြင်ကွင်းကျယ် 8MP Wide-angle Camera၊ 2MP Portrait Camera ဆိုပြီး ကမ္ဘာ့ရှေ့ဆောင် AI Quad ကင်မရာ စုစုပေါင်း ကင်မရာလေးလုံးပါဝင်လာမည်ဖြစ်သည်။

V17 Pro ၏ CPU မှာ internal storage အနေဖြင့် 8GB RAM နဲ့ 128 GB ROM အသုံးပြုထားမည်ဖြစ်ပြီး အများ စောင့်စားနေကြသည့် Type C လည်း ပါဝင် လာတော့မည် ဖြစ်သည်။ Display ပိုင်းကို သီးသန့်တီထွင်အ သုံးပြုထားသည့် New Super AMOLED Display ဖြစ်ပြီး ဖုန်းရဲ့ Display ပိုင်းတွင် နည်းပညာ အမြင့်တွေ သုံးထားသဖြင့် မတော်တဆ ထိခိုက်ပွန်းပဲ့မှုဒဏ်ခံနိုင်ရည် ရှိမည်ဖြစ် သည်။ Display ပိုင်းကို အာရုံစိုက်ထား သကဲ့သို့ ဘက်ထရီအားကုန်မြန်တဲ့ ပြဿနာတွေအတွက်လည်း 4100mAh နဲ့ အမြန်အား သွင်းစနစ် (Dual Engine Fast Charging) ထည့်သွင်းထားပါသည်။

V17 Pro မှာ ကင်မရာအပြင် Gamer များအတွက် လည်း ဂိမ်းကစားသည့်အခါ ပြီးပြည့်စုံသည့် အတွေ့အကြုံကို ရရှိနိုင်စေရန် V17 Pro ရဲ့ Game Mode အတွက် Vivo Nex တွင် အသုံးပြုထားသော Multi-Turbo ကိုအသုံးပြုထားပြီး အဆိုပါ Multi-Turbo က AI Turbo, Center Turbo, Game Turbo, Net Turbo နှင့် Cooling Turbo ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် V17 Pro က ရွေးချယ်စရာ အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်လာမည် ဖြစ်ပါသည်။ Vivo V17 Pro စမတ်ဖုန်းအသစ်တွင်သာ ရရှိနိုင်သော အထူးသီးသန့် ဂိမ်းကစားခြင်း အတွေ့အကြုံတစ်ခုဖြစ်သည့် PUBG ဂိမ်းကစားရာတွင် အသင်းဖော်များနှင့် ဆက်သွယ်ပြောဆိုသည့် ဇာတ်ကောင်စကားသံ အမျိုးမျိုးကိုလည်း ရွေးချယ်နိုင် မည်ဖြစ်ပါသည်။

 Vivo V17 Pro သည် 3D-curved glass cover Crystal Black (အမည်းရောင်) နှင့် Crystal Sky (အဖြူနှင့်အပြာ ရောင်ပြေး) နှစ်မျိုးထွက်ရှိလာပါသည်။ နောက်ဆုံးပေါ်နည်းပညာတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာ Vivo ၏ စမတ်ဖုန်းသစ် V17 Pro မြန်မာနိုင်ငံဈေးကွက်တွင်း မိတ်မဆက်ခင် Pre Order ကြိုတင်လက်ခံသွားမည်ဖြစ်ပြီး Pre-Order စတင် လက်ခံမည့် နေ့ရက်ကို Vivo Mobile Myanmar မှ မကြာခင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။ Vivo V17 Pro ၏ ဈေးနှုန်းမှာ ခန့်မှန်းချေ ၆ သိန်းနှင့်အထက်ရှိပြီး Pre Order ကြိုတင်မှာယူသူ များကို Gift Box နှင့် ကျောပိုးအိတ် (Back Pack) များ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

#VivoMyanmar

%d bloggers like this: