ဒီလ ၂၅ ရက်နေ့မှာ ကြေညာတော့မယ့် Xiaomi Redmi 8A

Xiaomi က တန်ဖိုးနည်း Redmi 8A ကို အိန္ဒိယမှာ ဒီလ ၂၅ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက မျှဝေလိုက်တဲ့ ပိုစတာမှာ ကြေညာမယ့် နေ့နဲ့ ဖုန်းရဲ့ အရှေ့ဘက်ကို ပြသထားပါတယ်။ အရွယ်သေး Notch တပ်ဆင်ထားတာတွေ့ရပါတယ်။
https://twitter.com/manukumarjain/status/1174572591475916801
Xiaomi ရဲ့ Redmi Series တွေက ဈေးအချိုဆုံး ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi 8 နဲ့ Redmi 8A တို့ကို ထိုင်းမှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး အဲဒီအတွက် မကြာခင်မှာ မိတ်ဆက်နိုင်ပါတယ်။ TENAA မှာ Redmi 8 ရဲ့ Specs တွေ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့ပါတယ်။ သူ့မှာ ၆.၂၁ လက်မ 1520x720p Display ထည့်သွင်းထားပါတယ်။

မျက်နှာပြင်အောက်က ဘောင်က အနည်းငယ် ထူပါတယ်။ Notch မှာ 8MP Camera ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးပါပြီး 12MP Main Camera ပါပါတယ်။ ကင်မရာအောက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ Designed by Xiaomi စာသားကိုလည်း အနောက်ဘက်အောက်နားမှာ ရေးထွင်းထားပါတယ်။

သူ့မှာ 2.0GHz Octa-core Processor မောင်းနှင်ထားပါတယ်။ 2GB/16GB, 3GB/32GB, 4GB/64GB တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Android Pie မောင်းနှင်ထားပါတယ်။ လျှင်မြန်စွာ အားသွင်း စနစ်ပါတဲ့ 5000mAh Battery ထည့်သွင်းထားပေမယ့် အားသွင်း အမြန်နှုန်းကို မသိရသေးပါဘူး။ သူ့ကို ကြေညာမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ပိုမို သိလာရမယ်လို့ ထင်ပါတယ်။

Ref : gsmarena

ဒီလ ၂၅ ရက်နေ့မှာ ကြေညာတော့မယ့် Xiaomi Redmi 8A

%d bloggers like this: