အဖြူရောင် Xiaomi Mi 9 Pro 5G ရဲ့ ဓါတ်ပုံကို ပြသ

Xiaomi က ဒီလ ၂၄ ရက်နေ့မှာ Mi Mix 5G နဲ့ Mi 9 Pro 5G တွေကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Xiaomi က အဖြူရောင် Mi 9 Pro 5G ရဲ့ ဓါတ်ပုံကို ပြသလိုက်ပါတယ်။ သူဟာ Mi 9 ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်ပြီး 5G ပါလာမှာပါ။ Mi 9 အတွက်တော့ အဖြူရောင်ကို ထုတ်လုပ်ထားတာ မရှိပါဘူး။

မကြာခင်ကလည်း ကုမ္ပဏီက Mi 9 Pro 5G ရဲ့ ဓါတ်ပုံ ၁ ပုံကို ပြသခဲ့ပါတယ်။ အရင်သတင်းတွေအရ သူ့မှာ Snapdragon 855+ Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 40W Wired , 30W Wireless နဲ့ 10W Reverse Wireless Charging နည်းပညာတွေ ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP Main Camera နဲ့အတူ အပို ကင်မရာ ၂ လုံး ပါလာမှာပါ။ Mi 9 ရဲ့ ကင်မရာတွေနဲ့ တူမလားဆိုတာ မသိရသေးပါဘူး။
Xiaomi က စမတ်ဖုန်း အားသွင်းနည်းပညာ အသစ်ကို မကြာခင်က ကြေညာလိုက်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် ဖြစ်ပြီး Mi Charge Turbo လို့ နာမည်ပေးထားပါတယ်။ Xiaomi က 30W Mi Charge Turbo ကို Mi 9 Pro 5G မှာ အစောဆုံးထည့်သွင်းပေးမယ်လို့ ပြောထားပါတယ်။ ဒီနည်းပညာက 30W Speed နဲ့ အားသွင်းပေးနိုင်ပါတယ်။ ၂၅ မိနစ်အတွင်းမှာ 4,000mAh Battery ကို ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ၆၉ မိနစ်မှာ အားအပြည့်သွင်းပေးမှာပါ။ 20W ပါတဲ့ Mi 9 ကတော့ ၃၀ မိနစ်အတွင်းမှာ 3,300mAh Battery ကို ၃၀ ရာခိုင်နှုန်းသာ အားသွင်းပေးနိုင်ပါတယ်။

Ref : gsmarena

အဖြူရောင် Xiaomi Mi 9 Pro 5G ရဲ့ ဓါတ်ပုံကို ပြသ

%d bloggers like this: