Huawei MediaPad M5 Lite ကို အိန္ဒိယမှာ ရောင်းချ

Huawei က တရုတ်မှာ ဒီနှစ် အစောပိုင်းက MediaPad M5 Lite နဲ့ MediaPad M6 ကို ကြေညာခဲ့ပါတယ်။ MediaPad T5 ကိုလည်း ဇူလိုင်လက မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ MediaPad M5 Lite ကို အိန္ဒိယမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် ၁၅ ၀၀၀ ရူပီးလောက် ရှိနိုင်ပြီး မြန်မာငွေ ၃၂၀ ၀၀၀ လောက်ရှိနိုင်ပါတယ်။

MediaPad M5 Lite မှာ ၁၀.၁ လက်မ 1920x1200p Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အချိုးုမှာ 16:10 ဖြစ်ပါတယ်။ ဒါပေမယ့် Kirin 659 SoC ကတော့ အနည်းငယ် အိုဟောင်းနေပြီ ဖြစ်ပါတယ်။

မန်မိုရီ အနေနဲ့ 3GB + 32GB နဲ့ 4GB + 64GB ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။ သူ့ရဲ့ အကောင်းဆုံး စွမ်းရည်က Harman/Kardon စပီကာ ၄ လုံး ထည့်သွင်းထားတာဖြစ်ပါတယ်။ သူ့မှာ အလူမီနီယမ် ကိုယ်ထည် ထည့်သွင်းထားပါတယ်။ Huawei Histen 5.0 Sound System က 3D Surround Sound ကို ပံ့ပိုးပေးပါတယ်။

မာလ်တီမီဒီယာနဲ့ ဂိမ်းများ ကစားရင် အလွန် အသုံးခံတဲ့ 7500mAh ဖြစ်ထည့်သွင်းထားပါတယ်။ Android 8.0 Oreo အခြေပြု EMUI 8.0 ပါပါတယ်။ အချို့နိုင်ငံများမှာ Huawei M-Pen Lite Stylus ကို ထည့်သွင်းပေးထားပြီး သူဟာ 2048 Pressure Level အထိ ထောက်ပံ့ပါတယ်။ ရှန်ပိန် ရွှေနဲ့ အညိုရောင်များ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena

Huawei MediaPad M5 Lite ကို အိန္ဒိယမှာ ရောင်းချ

%d bloggers like this: