5,000 mAh Battery က PUBG လိုမိုဘိုင်းဂိမ်း ကြိုက်သူတွေအတွက် ဘယ်လောက်ထိအသုံးဝင်လဲ

ယနေ့ခေတ်မှာ စမတ်ဖုန်း အသုံးပြုတဲ့ လူငယ်တွေဟာ စမတ်ဖုန်းတွေကို တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအတွက် အသုံးပြုရုံမကတော့ဘဲ ယနေ့ခေတ်ပေါ် စမတ်ဖုန်းဂိမ်းတွေ ကစားဖို့အတွက်လည်း အသုံးပြုလာကြပါတယ်။ဒီလို စမတ်ဖုန်းဂိမ်းတွေ ကစားရာမှာ performance၊ RAMတွေအပြင် ဂိမ်းတစ်ခုကို စွမ်းဆောင်ရည် ကောင်းမွန်အောင် မြှင့်တင်ပေးနိုင်တဲ့ softwareတွေကလည်း အရမ်းကို အရေးကြီး လှပါတယ်။ ဒါ့အပြင် ဂိမ်းပွဲတွေ ကစားရာမှာ ပွဲအရေအတွက် များများ ဆက်တိုက်ကစားနိုင်ဖို့အတွက် ဘက်ထရီကြာရှည်ခံတဲ့ စမတ်ဖုန်းတစ်လုံးဟာလည်း ဖုန်းဂိမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် လိုအပ်ချက်တစ်ခုလို ဖြစ်လာပါတယ်။ တော်တော်များများ စမတ်ဖုန်းတွေဟာ ဒီလိုအချက်တွေ အားလုံးပြည့်စုံနေရင် ဈေးနှုန်းကြီးမြင့်တတ်ပါတယ်။

ဂိမ်းကစားရတာကြိုက်တဲ့သူအများစုဟာ ဂိမ်းကစားနေချိန်မှာ lag ဖြစ်သွားတာတွေ touch sensitivity မကောင်းတာတွေကြောင့် ဂိမ်းဆော့ရာမှာ အားမလိုအားမရဖြစ်တတ်ကြပါတယ်။ စမတ်ဖုန်းဂိမ်းတွေကစားမယ်ဆိုရင် ဖုန်းရဲ့ processor ကို ထပ်မံမြှင့်တင်ပေးမယ့် Game Boost လို software တွေကလည်း လိုအပ်လှပါတယ်။ ဒီလိုဂိမ်းကစားရာမှာ Dual Stereo Speakers ပါတဲ့ ဖုန်းနဲ့ ကစားမယ်ဆိုရင်တော့ စိတ်လှုပ်ရှားဖွယ်ရာအသံတွေကို ခံစားရမှာ ဖြစ်တဲ့အတွက် အကောင်းဆုံး gaming experience ကိုခံစားရစေမှာပါ။ ဒါ့အပြင် ဖုန်းနဲ့PUBG လိုဂိမ်းတွေကို ကစားရာမှာ ကစားတဲ့သူအများစုဟာ ပွဲတွေများများ ဆက်တိုက် ကစားလိုကြပါတယ်။ တချို့ဖုန်းတွေမှာ ဆိုရင် battery ပမာဏ မလုံလောက်တာကြောင့် ပွဲများများကစားဖို့အတွက် စိတ်အနှောက်အယှက် ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ဒီလိုမျိုး ပြဿနာတွေ အားလုံးကို နှုတ်ဆက်ဖို့အတွက် ဈေးနှုန်းသင့်တင့်တဲ့ OPPO A9 2020 ကို OPPO Myanmar ကနေမိတ်ဆက်ပေးပါတော့မယ်။ OPPO ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ ဒီစမတ်ဖုန်းအသစ်မှာတော့  ထူးခြားတဲ့ Entertainment နဲ့ Gaming Experience တွေကို  ရရှိစေဖို့အတွက် ပြောင်မြောက်လှတဲ့ Hardware နဲ့ Software တွေကို အသုံးပြုထားပါတယ်။ မိုဘိုင်းဂိမ်းချစ်သူတွေအတွက် ဒီစမတ်ဖုန်းတွေမှာ လက်ဖျားခါလောက်အောင် စွမ်းဆောင်ရည်ကောင်းမွန်လှတဲ့  8 core 64-bit  Qualcomm Snapdragon 665 processor ကို အသုံးပြု ပေးထားသလို RAM 8GB ကိုလည်း ထောက်ပံ့ ပေးထားတဲ့အတွက် ဂိမ်းကစားရာမှာ ချောမွေ့ညင်သာမှုကို ခံစားရမှာ ဖြစ်ပါတယ်။

OPPO A9 2020 မှာ ပါဝင်လာတဲ့ Game Boost 2.0 နည်းပညာက Frame Boost နဲ့ Touch Boost engine တွေကို အဆင့်မြှင့်တင်ပေးတဲ့အတွက်ကြောင့် ဂိမ်းကစားတာကြိုက်တဲ့သူတွေအတွက် အလွန်အသုံးတည့်တဲ့ နည်းပညာတစ်ခုဖြစ်လာမှာ အသေအချာဘဲ ဖြစ်ပါတယ်။ Frame Boost က ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို  စောင့်ကြည့်ပြီးတော့ PUBG လိုဂိမ်းတွေ ကစားရာမှာ ဂိမ်းကစားသူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ lag သွားတာတွေကို ဖြေရှင်းပေးမှာ ဖြစ်တဲ့အတွက် Chicken Dinner ရဖို့ကြိုးစားနေသူတွေ အကြိုက်တွေ့စေမှာ  ဖြစ်ပါတယ်။ Touch Boost ကတော့ ဂိမ်းကစားရာမှာ touch တုံ့ပြန်မှုတွေ မြန်ဆန်သွက်လက်လာအောင် အဆင့်မြှင့်တင်ပေးမှာ ဖြစ်သလို control ကောင်းကောင်းနဲ့ ကစားနိုင်မှာ ဖြစ်တဲ့အတွက် ခက်ခဲကြမ်းတမ်းပြီး အကြိတ်အနယ် ကစားရတဲ့ပွဲတွေမှာ ပြိုင်ဘက်ရဲ့ အခြေအနေကို ကြည့်ပြီး မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ကစားနိုင်မှာ ဖြစ်တဲ့အတွက် အလွန်အသုံးဝင်လှပါတယ်။

OPPO A9 2020စမတ်ဖုန်းမှာ Dolby Atmos® sound effects တွေ ထောက်ပံ့ပေးထားတဲ့ Dual Stereo Speakers ပါဝင်လာတဲ့အတွက် ဂိမ်းကစားပွဲတွေမှာ စိတ်လှုပ်ရှားဖွယ်ရာ အသံတွေကို ဘက်ပေါင်းစုံကနေ ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် OPPO A9 2020 မှာ ဂိမ်းပွဲတွေကို များများ ဆက်တိုက်ကစားနိုင်ဖို့အတွက် ၁၉ နာရီလောက်ထိ ဆက်တိုက်အသုံးပြုနိုင်မယ့် 5,000 mAh Batteryကို ထည့်သွင်းပေးထားပါတယ်။ PUBGလိုဂိမ်းကိုလည်း ၇.၇နာရီကြာထိ ကစားနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ပွဲများများဆက်တိုက်ကစားချင်တဲ့ သူတွေအတွက် အကြိုက်တွေ့စေမှာ အမှန်ဘဲ ဖြစ်ပါတယ်။ OPPO Myanmar ကနေပြီးတော့ ဒီလိုမျိုး ဂိမ်းကစားရာမှာ စွမ်ဆောင်ရည်ကောင်းမွန်လှတဲ့ စမတ်ဖုန်းအသစ်ဖြစ်တဲ့ OPPO A9 2020  ကို စမတ်ဖုန်းဂိမ်းတွေကစားရတာကို ကြိုက်နှစ်သက်သူတွေအတွက် စက်တင်ဘာလ (၁၉)ရက်နေ့ HOG Esports Center မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

#OPPOMYANMAR

%d bloggers like this: