Xiaomi Mi Smart Band 4 ကို အိန္ဒိယမှာ ရောင်းပြီ

Xiaomi က Mi Band 4 ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။ ရူပီး ၂၂၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၅၀ ၀၀၀ လောက်ရှိပါတယ်။ Mi.com , Amazon.in နဲ့ Mi Home Store တွေကနေ မနက်ဖြန်မှာ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ Mi Smart Band 4 ဟာ တရုတ်မှာ ရောင်းပေးထားတဲ့ Mi Band 4 ရဲ့ နိုင်ငံတကာ ဗားရှင်းဖြစ်ပြီး NFC နဲ့ Microphone မပါတာကလွဲပြီး တခြား Specs တွေအားလုံး တူညီကြပါတယ်။

Mi Band 4 ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ဝ.၉၅ လက်မ Color AMOLED Display ထည့်သွင်းထားပြီး 120x240p Resolution ဖြစ်ပါတယ်။ Mi Band 3 မှာတော့ ဝ.၇၈ လက်မ မျက်နှာပြင်ထည့်ထားပြီး 80x120p Resolution သာ ရှိပါတယ်။ အဲဒီအတွက် Mi Band 4 ရဲ့ မျက်နှာပြင်ဟာ ပိုမို တိုးတက်လာပါတယ်။

Mi Band 4 မှာ မီတာ ၅၀ အနက်အထိ ရေစိုခံတဲ့ စံနှုန်း ပါလာပါတယ်။ ရေကူးခြင်းကို တွက်ချက်တိုင်းတာပေးပါတယ်။ လက်ပစ်ကူး၊ လိပ်ပြာကူး၊ ပက်လက်ကူး စတဲ့ ရေကူးနည်းများကိုလည်း သူက နားလည်ပါတယ်။

Mi Band 4 မှာ နှလုံးခုန်နှုန်းတိုင်းတာတဲ့ ဆန်ဆာနဲ့ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းလို ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးဖို့ Six-Axis Accelerometer ပါပါတယ်။ လက်ပတ်ကို Bluetooth 5.0 ဖြင့် ဖုန်းနဲ့ချိတ်ဆက်နိုင်ပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် ရက် ၂၀ လောက် အသုံးခံပါတယ်။

Ref : gsmarena

Xiaomi Mi Smart Band 4 ကို အိန္ဒိယမှာ ရောင်းပြီ

%d bloggers like this: