Redmi K20 Series ေတြကို ၃ သန္းေက်ာ္ ေရာင္းခ်ႏုိင္ၿပီ

Redmi K20 နဲ႔ K20 Pro ကို ကမာၻအ၀န္းမွာ အလံုးေရ ၃ သန္းေက်ာ္ ေရာင္းခ်ႏုိင္ၿပီလို႔ ကုမၸဏီက ေၾကညာလိုက္ပါတယ္။ ကုမၸဏီက Redmi K20 Pro ရဲ႕ Exclusive Edition ကို စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ေၾကညာမယ္လို႔လည္း အသိေပးလိုက္ပါတယ္။ သူဟာ စြမ္းေဆာင္ရည္၊ အပူေလွ်ာ့ခ်မႈနဲ႔ မာေက်ာမႈေတြမွာ ပိုေကာင္းလာမွာပါ။

Xiaomi က တရုတ္မွာ Redmi K20 နဲ႔ K20 Pro အလံုးေရ ၁ သန္း ေရာင္းခ်ႏုိင္ၿပီလို႔ ဇူလိုင္လက ေၾကညာခဲ့ပါတယ္။ သူတို႔ကို ေမလ ၂၈ ရက္မွာ ေၾကညာခဲ့ၿပီး အလံုးေရ ၁ သန္း ျပည့္ဖို႔ ၄ ၊ ၅ ႀကိမ္ေလာက္ Flash Sale ျပဳလုပ္ေပးခဲ့တာပါ။ ဇြန္လဆန္းပိုင္းကလည္း Xiaomi က Redmi K20 Pro ကို ၁ နာရီနဲ႔ ၄၅ မိနစ္အတြင္းမွာ အလံုးေရ ၂၀၀ ၀၀၀ ေရာင္းခ်ေပးႏိုင္ခဲ့တယ္လို႔ ေၾကညာခဲ့ပါတယ္။ 6/64GB ကို ၃၆၂ ေဒၚလာ ၊ 6/128GB ကို ၃၇၆ ေဒၚလာ ၊ 8/128GB ကို ၄၀၅ ေဒၚလာနဲ႔ 8/256GB ကို ၄၃၄ ေဒၚလာ သတ္မွတ္ထားပါတယ္။

Redmi K20 Pro မွာ 6.39-inch ရွိတဲ့ FHD+ OLED Display ပါရွိၿပီး၊ ေရွ႕ကင္မရာကို Pop-up ဒီဇိုင္းအသုံးျပဳထားတာေၾကာင့္ လုံးဝ မ်က္ႏွာျပင္အျပည့္ျဖစ္ေနမွာပါ။ ေက်ာကင္မရာ သုံးလုံးပါဝင္ၿပီး၊ Sony IMX586 ဆန္ဆာသုံး 48MP main camera၊ Ultra-wide-angle lens နဲ႔ 13MP ဒုတိယကင္မရာနဲ႔ 8MP telephoto ကင္မရာတို႔ ျဖစ္ပါတယ္။ slow-mo ဗီဒီယိုကို 960fps နဲ႔ ႐ိုက္ကူးႏိုင္မွာပါ။ ေရွ႕က ေမာ္တာတပ္ Selfie ကင္မရာကေတာ့ 20MP sensor ျဖစ္ပါတယ္။ ကင္မရာမွာ AI လုပ္ေဆာင္ခ်က္ေတြလည္း ပါဝင္မွာပါ။

Redmi K20 Pro မွာ Flagship ဖုန္းေတာ္ေတာ္မ်ားမ်ားမွာလိုပဲ 4,000mAh ဘက္ထရီကို အသုံးျပဳေပးထားပါတယ္။ Xiaomi Mi 9 နဲ႔ Black Shark 2 ဖုန္းေတြမွာ ပါဝင္တဲ့ 27W အားအျမန္သြင္းစနစ္လည္း ပါဝင္မွာပါ။ မိနစ္ ၃၀ အတြင္း ၅၈ ရာခိုင္ႏႈန္းအထိ သြင္းေပးႏိုင္ကာ၊ အားအျပည့္သြင္းဖို႔ ၇၄ မိနစ္ပဲ ၾကာမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Redmi K20 Series တွေကို ၃ သန်းကျော် ရောင်းချနိုင်ပြီ

Redmi K20 နဲ့ K20 Pro ကို ကမ္ဘာအဝန်းမှာ အလုံးရေ ၃ သန်းကျော် ရောင်းချနိုင်ပြီလို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက Redmi K20 Pro ရဲ့ Exclusive Edition ကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကြေညာမယ်လို့လည်း အသိပေးလိုက်ပါတယ်။ သူဟာ စွမ်းဆောင်ရည်၊ အပူလျှော့ချမှုနဲ့ မာကျောမှုတွေမှာ ပိုကောင်းလာမှာပါ။

Xiaomi က တရုတ်မှာ Redmi K20 နဲ့ K20 Pro အလုံးရေ ၁ သန်း ရောင်းချနိုင်ပြီလို့ ဇူလိုင်လက ကြေညာခဲ့ပါတယ်။ သူတို့ကို မေလ ၂၈ ရက်မှာ ကြေညာခဲ့ပြီး အလုံးရေ ၁ သန်း ပြည့်ဖို့ ၄ ၊ ၅ ကြိမ်လောက် Flash Sale ပြုလုပ်ပေးခဲ့တာပါ။ ဇွန်လဆန်းပိုင်းကလည်း Xiaomi က Redmi K20 Pro ကို ၁ နာရီနဲ့ ၄၅ မိနစ်အတွင်းမှာ အလုံးရေ ၂၀၀ ၀၀၀ ရောင်းချပေးနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ 6/64GB ကို ၃၆၂ ဒေါ်လာ ၊ 6/128GB ကို ၃၇၆ ဒေါ်လာ ၊ 8/128GB ကို ၄၀၅ ဒေါ်လာနဲ့ 8/256GB ကို ၄၃၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Redmi K20 Pro မှာ 6.39-inch ရှိတဲ့ FHD+ OLED Display ပါရှိပြီး၊ ရှေ့ကင်မရာကို Pop-up ဒီဇိုင်းအသုံးပြုထားတာကြောင့် လုံးဝ မျက်နှာပြင်အပြည့်ဖြစ်နေမှာပါ။ ကျောကင်မရာ သုံးလုံးပါဝင်ပြီး၊ Sony IMX586 ဆန်ဆာသုံး 48MP main camera၊ Ultra-wide-angle lens နဲ့ 13MP ဒုတိယကင်မရာနဲ့ 8MP telephoto ကင်မရာတို့ ဖြစ်ပါတယ်။ slow-mo ဗီဒီယိုကို 960fps နဲ့ ရိုက်ကူးနိုင်မှာပါ။ ရှေ့က မော်တာတပ် Selfie ကင်မရာကတော့ 20MP sensor ဖြစ်ပါတယ်။ ကင်မရာမှာ AI လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာပါ။

Redmi K20 Pro မှာ Flagship ဖုန်းတော်တော်များများမှာလိုပဲ 4,000mAh ဘက်ထရီကို အသုံးပြုပေးထားပါတယ်။ Xiaomi Mi 9 နဲ့ Black Shark 2 ဖုန်းတွေမှာ ပါဝင်တဲ့ 27W အားအမြန်သွင်းစနစ်လည်း ပါဝင်မှာပါ။ မိနစ် ၃၀ အတွင်း ၅၈ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ကာ၊ အားအပြည့်သွင်းဖို့ ၇၄ မိနစ်ပဲ ကြာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: