Xiaomi က Mi 9 Pro 5G ရဲ့ ဓါတ်ပုံကို ပြသ

Xiaomi က ဒီလ ၂၄ ရက်နေ့မှာ Mi Mix 5G နဲ့ Mi 9 Pro 5G တွေကို ကြေညာမယ်လို့ မနေ့ကပဲ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် MIUI 11 OS နဲ့ MI TV အသစ်ကိုလည်း ပြသမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက Mix Series အသစ်ကို နာမည်ပြောင်းမယ်လို့ ထင်ပါတယ်။ Mi Mix 4 အစား Mi Mix 5G လို့ နာမည်ပေးထားနိုင်ပါတယ်။

အခုတော့ Mi 9 Pro 5G ရဲ့ ဓါတ်ပုံ ၁ ပုံကို ကုမ္ပဏီက မျှဝေလိုက်ပါတယ်။ သူ့ရဲ့ Specs တွေကို အရိပ်အမြွက် မဖော်ပြထားပါဘူး။ အရင် သတင်းတွေအရ Mi 9 Pro 5G မှာ လက်ရှိ ကမ္ဘာမှာ အမြန်ဆုံး Wireless Charging ဖြစ်တဲ့ 30W ပါလာမှာ ဖြစ်ပါတယ်။ Mi Mix 5G မှာလည်း ဒီနည်းပညာ ပါလာနိုင်ပါတယ်။ အဲဒီ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ၂ လုံးနဲ့အတူ Mi TV Model အသစ်ကိုပါ ကြေညာနိုင်ပါတယ်။ အဲဒီ TV အကြောင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် 8K TV ဖြစ်မယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။
Xiaomi က စမတ်ဖုန်း အားသွင်းနည်းပညာ အသစ်ကို မကြာခင်က ကြေညာလိုက်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် ဖြစ်ပြီး Mi Charge Turbo လို့ နာမည်ပေးထားပါတယ်။ 30W Speed နဲ့ အားသွင်းပေးနိုင်ပါတယ်။ ၂၅ မိနစ်အတွင်းမှာ 4,000mAh Battery ကို ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ၆၉ မိနစ်မှာ အားအပြည့်သွင်းပေးမှာပါ။ 20W ပါတဲ့ Mi 9 ကတော့ ၃၀ မိနစ်အတွင်းမှာ 3,300mAh Battery ကို ၃၀ ရာခိုင်နှုန်းသာ အားသွင်းပေးနိုင်ပါတယ်။

ကြိုးမဲ့ အားသွင်းနည်းပညာဟာ အရင်ကတော့ အရမ်းကို နှေးပါတယ်။ အခုတော့ အရမ်းကို တိုးတက်လာပြီ ဖြစ်ပါတယ်။ Xiaomi က 30W Mi Charge Turbo ကို Mi 9 Pro 5G မှာ အစောဆုံးထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းနဲ့အတူ ထည့်သွင်းပေးမလား ၊ သီးခြား ဝယ်ရမလားဆိုတာ မသိရသေးပါဘူး။ Xiaomi က 40W Wireless Charging ကိုလည်း တီထွင်နေတယ်လို့ ပြောပါတယ်။

Ref : gsmarena

Xiaomi က Mi 9 Pro 5G ရဲ့ ဓါတ်ပုံကို ပြသ

%d bloggers like this: