Huawei Mate 30 Pro နဲ႔ Mate 30 RS Porsche Design ရဲ႕ ဓါတ္ပံုေတြ ထြက္ေပၚလာ

Huawei ရဲ႕ ေနာက္မ်ိဳးဆက္ Mate Series Smartphone ကို မၾကာခင္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ Evan Blass က Huawei Mate 30 Pro နဲ႔ Mate 30 RS Porsche Design ရဲ႕ ဓါတ္ပံုေတြကို မွ်ေ၀လိုက္ပါတယ္။ အဲဒီ စမတ္ဖုန္း ၂ လံုးစလံုးမွာ Waterfall Screen ထည့္သြင္းထားၿပီး ေဘးဘက္ေတြဟာ ေကြးညႊတ္ေနပါတယ္။ Mate 30 Pro မွာ အရြယ္ႀကီး Notch တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ စက္၀ိုင္းပံု ကင္မရာ တပ္ဆင္ထားၿပီး ကင္မရာ ၄ လံုး ပါပါတယ္။

Mate 30 RS Porsche Design မွာလည္း အေနာက္ကင္မရာ ၄ လံုး ထည့္ထားေပမယ့္ စက္၀ိုင္းပံု မဟုတ္ပါဘူး။ အနက္နဲ႔ အနီေရာင္ ၂ မ်ိဳးထုတ္လုပ္ထားမွာပါ။ Huawei Mate 30 Pro နဲ႔ Mate 30 RS Porsche Design မွာ Kirin 990 SoC နဲ႔ 90Hz AMOLED Display ေတြ ထည့္ထားမွာ ျဖစ္ပါတယ္။

Huawei Mate 30 Pro ရဲ႕ အေနာက္မွာ 40MP Sensor ၂ လံုး ပါမွာ ျဖစ္တဲ့ အျပင္ အရြယ္အစားလည္း ႀကီးမားမွာပါ။ ပင္မ ကင္မရာဟာ 40MP Resolution ျဖစ္ၿပီး P30 Pro လို Quad RYYB Filter ျဖစ္ပါတယ္။ ဒါေပမယ့္ ပိုမိုႀကီးမားတဲ့ 1/1.55” Type Sensor ပါ။ ဒုတိယ 40MP Sensor ဟာ Ultra Wide-angle Lens ျဖစ္ပါတယ္။ သူဟာ 1/1.7” Sensor ျဖစ္ၿပီး P30 Pro ရဲ႕ ပင္မ ဆန္ဆာနဲ႔ အရြယ္အစား တူပါတယ္။ ကင္မရာေတြထဲမွာ Ultra Wide နဲ႔ Telephoto ေတြ ပါ၀င္ပါတယ္။ ToF လို 3D Sensor လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

4200mAh Battery ထည့္သြင္းထားၿပီး 55W Fast Charging ပါလာမွာပါ။ Huawei Mate 30 Pro မွာ ၆.၇၁ လက္မ AMOLED Display ပါမယ္ဆိုတာကို ေမလက သတင္းထြက္ခဲ့ပါတယ္

Ref : gizmochina

[Unicode]

Huawei Mate 30 Pro နဲ့ Mate 30 RS Porsche Design ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

Huawei ရဲ့ နောက်မျိုးဆက် Mate Series Smartphone ကို မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ Evan Blass က Huawei Mate 30 Pro နဲ့ Mate 30 RS Porsche Design ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးစလုံးမှာ Waterfall Screen ထည့်သွင်းထားပြီး ဘေးဘက်တွေဟာ ကွေးညွှတ်နေပါတယ်။ Mate 30 Pro မှာ အရွယ်ကြီး Notch တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ တပ်ဆင်ထားပြီး ကင်မရာ ၄ လုံး ပါပါတယ်။

Mate 30 RS Porsche Design မှာလည်း အနောက်ကင်မရာ ၄ လုံး ထည့်ထားပေမယ့် စက်ဝိုင်းပုံ မဟုတ်ပါဘူး။ အနက်နဲ့ အနီရောင် ၂ မျိုးထုတ်လုပ်ထားမှာပါ။ Huawei Mate 30 Pro နဲ့ Mate 30 RS Porsche Design မှာ Kirin 990 SoC နဲ့ 90Hz AMOLED Display တွေ ထည့်ထားမှာ ဖြစ်ပါတယ်။

Huawei Mate 30 Pro ရဲ့ အနောက်မှာ 40MP Sensor ၂ လုံး ပါမှာ ဖြစ်တဲ့ အပြင် အရွယ်အစားလည်း ကြီးမားမှာပါ။ ပင်မ ကင်မရာဟာ 40MP Resolution ဖြစ်ပြီး P30 Pro လို Quad RYYB Filter ဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုကြီးမားတဲ့ 1/1.55” Type Sensor ပါ။ ဒုတိယ 40MP Sensor ဟာ Ultra Wide-angle Lens ဖြစ်ပါတယ်။ သူဟာ 1/1.7” Sensor ဖြစ်ပြီး P30 Pro ရဲ့ ပင်မ ဆန်ဆာနဲ့ အရွယ်အစား တူပါတယ်။ ကင်မရာတွေထဲမှာ Ultra Wide နဲ့ Telephoto တွေ ပါဝင်ပါတယ်။ ToF လို 3D Sensor လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

4200mAh Battery ထည့်သွင်းထားပြီး 55W Fast Charging ပါလာမှာပါ။ Huawei Mate 30 Pro မှာ ၆.၇၁ လက်မ AMOLED Display ပါမယ်ဆိုတာကို မေလက သတင်းထွက်ခဲ့ပါတယ်

Ref : gizmochina

%d bloggers like this: