ကင်မရာခြောက်လုံးအထိပါလာနိုင်ဖွယ်ရှိတဲ့ Vivo V17 Pro ကို မြန်မာနိုင်ငံတွင် မကြာမီ Pre – Order စတင်လက်ခံ

Vivo V17 Pro မှာဘယ်လိုကင်မရာတွေပါဝင်လာမလဲဆိုတာကို အကြိုမိတ်ဆက်တဲ့ ဗီဒီယို အွန်လိုင်းမှာ စက်တင်ဘာလအစောပိုင်းက နောက်ထပ်ထွက်ရှိလာပါတယ်။ အဲဒီ promo video ထဲမှာ ဖုန်းထောင့် မျက်နှာပြင်အစုံကို ပြသသွားတယ်။ Vivo V17 Pro ရဲ့ ကင်မရာ features အချို့ကိုလည်း ပြသွားတာကြောင့် နောက်ကျောဘက်မှာ ကင်မရာလေးလုံးအနည်းဆုံးပါဝင်လာမယ်ဆိုတာတော့ သေချာသွားပါပြီ။ ရှေ့ဘက်က wide angle sensor ပါဝင်တဲ့ dual pop-up ကင်မရာကိုလည်း ရိုက်ပြသွားတယ်။ ဒါကြောင့်ဒီတစ်ပတ်ထဲမှာ Vivo V17 Pro ဟာ smartphone လောကရဲ့ dual-pop-up ကင်မရာ ပါဝင်လာတဲ့ ပထမဆုံးဖုန်း ဖြစ်တယ်လို့အခိုင်အမာပြောခဲ့တာပါ။

အခုလက်ရှိအချိန်ထိ Vivo V15 နဲ့ V15 Pro မှာတုန်းက single pop-up selfie camera ကို မိတ်ဆက်ခဲ့တာကိုပဲတွေ့ရတယ်။ Vivo V15 Pro မှာကင်မရာတွေက ရှေ့ဘက်မှာတစ်လုံး၊ နောက်ဘက်မှာ သုံးလုံး စုစုပေါင်းကင်မရာလေးလုံးပါတယ်။ ဒါကြောင့်လာမယ့် Vivo V17 Pro ကတော့ ကုမ္ပဏီရဲ့ ပထမဆုံး ရှေ့ဘက် dual pop-up camera ပါဝင်တဲ့စမတ်ဖုန်းသစ်ဖြစ်လာပါလိမ့်မယ်။ အနောက်ဘက်ကင်မရာ လေးလုံးက နောက်ဘက်မျက်နှာပြင်အလယ်လောက်မှာ ထောင်မတ်ပြီး ထည့်ထားတယ်။ ပြောရရင် Vivo V17 Pro ရဲ့ကျယ်ပြန့်တဲ့ pop-up selfie sensor က iPhone-X မှာတွေ့ရတဲ့ မျက်နှာပြင်အကျယ်နဲ့ပုံစံတူတယ်။

ဒါ့အပြင် အရှေ့ကင်မရာမှာ night mode နဲ့ wider selfie features အပြင် အသေးစိတ်ပုံ ထွက်ရရှိအောင် ရိုက်ကူးနိုင်မယ့် macro-lens လဲ ပါဝင်လာမယ်လို့ သိရပါတယ်။ အခုထွက်ရှိလာတဲ့ သတင်းတွေအရဆိုရင် ကင်မရာပိုင်းနဲ့ ပတ်သက်လို့ တော်တော့်ကို ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာမှာ အမှန်ပါပဲ။ ဒါ့အပြင် USB Type C ပါဝင်လာမလားဆိုတာလည်း စောင့်ကြည့်ရမယ့် အချက်ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ V15 Pro မှာ Micro USB ပဲ ပါဝင်လာတဲ့အတွက် အားလုံးက Vivo ဖုန်းအသစ်တွေရဲ့ USB Type C ကို စောင့်စားနေကြတယ်ဆိုရင်လည်း မမှားပါဘူး။

V17 Pro ရဲ့ CPU ကို internal storage အနေနဲ့ 8GB RAM နဲ့ 128GB ROM အသုံးပြုထား တယ်လို့တော့ သိရပါတယ်။ Display ပိုင်းမှာလည်း သီးသန့် တီထွင် အသုံးပြုထားတဲ့ New Super AMOLED Display ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့ Display panel တွေဟာကောင်းမွန်တာကြောင့် မတော် တဆ ထိခိုက်ပွန်းပဲ့မှုတွေလောက်တော့ ဒဏ်ခံနိုင်မှာ ဖြစ်ပါတယ်။ Display ပိုင်းမှာ အားသာအောင် အသုံးပြု ထားသလို ဘက်ထရီ အားကုန်မြန်တဲ့ ပြဿနာတွေအတွက်လည်း 4100 mAh နဲ့ အမြန်အားသွင်းစနစ် (Dual Engine Fast Charging) ပါဝင်မယ်လို့ သိရပါတယ်။

Vivo V17 Pro ကို မြန်မာနိုင်ငံဈေးကွက်ထဲ မကြာခင်မိတ်ဆက်တော့မှာဖြစ်ပြီး ထူးထူးခြားခြား တရားဝင် မထွက်ရှိခင် ကြိုတင် Pre – Order စတင်လက်ခံတော့မှာပဲဖြစ်ပါတယ်။

#vivomyanmar

 

%d bloggers like this: