Xiaomi Mi Bunny Smartwatch 4 Pro ကို မှတ်ပုံတင်လိုက်ပြီ

Xiaomi က ကလေးငယ်တွေအတွက် စမတ်နာရီတွေကိုလည်း ထုတ်လုပ်ရောင်းချနေပါတယ်။ Mi Bunny Smartwatch Series တွေ ဖြစ်ပြီး ပြီးခဲ့တဲ့လက Mi Bunny Smartwatch 3C ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ အခုတော့ မော်ဒယ် အသစ် ဖြစ်တဲ့ Mi Bunny Smartwatch 4 Pro ကို မှတ်ပုံတင်လိုက်ပါပြီ။

သူ့ရဲ့ မော်ဒယ်နံပါတ်မှာ MTSB08XUN ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ သူ့မှာ Bluetooth 5.0 ဆက်သွယ်မှု ပါလာမှာပါ။ အရင်မျိုးဆက်လိုပဲ AMOLED Display ပါလာနိုင်ပါတယ်။ Xiaomi က Mi Bunny Smartwatch 3 ကစပြီး လေးထောင့် မျက်နှာပြင်တွေကို ထည့်သွင်းလာတာ ဖြစ်ပါတယ်။

Xiaomi Mi Bunny Smartwatch 4 Pro မှာ 4G Modem , Video Call အတွက် ကင်မရာ ၁ လုံး , GPS , WiFi နဲ့ IP Rating တွေ ပါလာမှာ ဖြစ်ပါတယ်။ Xiaomi က 3C မှာ XiaoAI Assistant ထည့်သွင်းပေးထားတဲ့ အတွက် မော်ဒယ် အသစ်မှာလည်း ပါလာနိုင်ပါတယ်။ ဘာသာစကားများစွာကို ထောက်ပံ့တဲ့ International Version ဖြစ်နိုင်ပါတယ်။

3C ကို မကြာခင်ကမှ ကြေညာထားတဲ့ အတွက် Xiaomi Mi Bunny Smartwatch 4 Pro ကို အောက်တိုဘာလ နောက်ပိုင်းမှသာ ကြေညာနိုင်ပါတယ်။

Ref : gizmochina

Xiaomi Mi Bunny Smartwatch 4 Pro ကို မှတ်ပုံတင်လိုက်ပြီ

%d bloggers like this: