Microsoft က အောက်တိုဘာလမှာ Surface Event ကို ကျင်းပမည်

Microsoft က အောက်တိုဘာလ ၂ ရက်နေ့မှာ Surface Event ကို ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီ ပွဲကို Surface ဌာနရဲ့ အကြီးအကဲ Panos Panay နဲ့ Microsoft CEO Satya Nadella တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အဲဒီပွဲကို ကုမ္ပဏီက Livestream ပြသမှာလည်း ဖြစ်ပါတယ်။


Panay ကတော့ Surface Event တိုင်းကို တက်ရောက်လေ့ ရှိပေမယ့် Nadella ကတော့ တခါတလေမှသာ လာရောက်လေ့ ရှိပါတယ်။ Surface Event တော်တော်များများကို ခမ်းခမ်းနားနား ကျင်းပလေ့ မရှိသလို Livestream လည်း မပြသခဲ့ပါဘူး။ ဥပမာအားဖြင့် Surface Book 2 နဲ့ Pro 6 တို့ကို Livestream မပြသခဲ့ပါဘူး။ ဒါပေမယ့် Surface Studio နဲ့ Surface Book 2 Model အသစ်တို့ကိုတော့ ပြသခဲ့ပါတယ်။

လာမယ့်ပွဲမှာ Microsoft က Hardware နဲ့ Software အသစ်တွေကို ပြသမယ်လို့ ထင်ပါတယ်။ မထွက်တာ ၂ နှစ်ရှိပြီ ဖြစ်တဲ့ Surface Book အသစ်ကို မြင်ရနိုင်ပါတယ်။ Surface Go , Pro နဲ့ Laptop အသစ်တွေကိုပါ ကြေညာနိုင်ပါတယ်။ ဒါ့အပြင် သတင်းထွက်နေတာ ကြာပြီ ဖြစ်တဲ့ Dual-screen Portable Surface Device ကို မြင်ရနိုင်ပါတယ်။ သူ့ရဲ့ လျှို့ဝှက် နာမည်မှာ Centaurus ဖြစ်ပြီး Windows Lite မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Windows Lite ဟာ Windows 10 ရဲ့ Mobile Version ဖြစ်ပါတယ်။ သူ့မှာ Universal Windows Apps တွေကို အသုံးပြုနိုင်ပြီး Interface အသစ် ပါလာမှာပါ။

Ref : tnw

Microsoft က အောက်တိုဘာလမှာ Surface Event ကို ကျင်းပမည်

%d bloggers like this: