Apple AirPods 2 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

သတင်းတွေထွက်နေတာ ကြာပြီ ဖြစ်တဲ့ Apple AirPods 2 ကို iPhone 11 မိတ်ဆက်ပွဲမှာ မတွေ့ခဲ့ရပါဘူး။ အခုတော့ သူ့ရဲ့ ဓါတ်ပုံ ၁ ပုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။ SlashLeaks က မျှဝေထားတာ ဖြစ်ပြီး ဓါတ်ပုံအရ အရွယ်သေး AirPods Charging Case ကို စမတ်ဖုန်း ၁ လုံးပေါ်မှာတင်ထားပါတယ်။ SlashLeaks က ဒါဟာ နမူနာ မော်ဒယ်လို့ ပြောပါတယ်။ မှုန်ဝါးနေတဲ့ အဲဒီ ဓါတ်ပုံကို အောက်မှာ ကြည့်နိုင်ပါတယ်။

ဒီဓါတ်ပုံသာ တကယ်မှန်မယ် ဆိုရင် နောက်ထွက်မယ့် AirPods 2 ရဲ့ Charging Case ဟာ အရင်မျိုးဆက်ထက် သေးငယ်ကျစ်လစ်လာမှာ ဖြစ်ပါတယ်။ Earbuds ကလည်း သေးငယ်သွားမယ်လို့ ထင်ပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Wireless Earbuds တွေရဲ့ အရွယ်အစားက သေးငယ်သွားကြတဲ့အတွက် ဒါဟာ ဖြစ်နိုင်ပါတယ်။ ပထမမျိုးဆက် AirPods ကို ၂၀၁၆ ခုနှစ်မှာ ကြေညာခဲ့ပြီး ရှည်လျားတဲ့ လက်တံတွေ ပါလာခဲ့တာပါ။

AirPods ရဲ့ ဒီဇိုင်းဟာ အရမ်းလန်းတဲ့အတွက် Apple ဟာ နောက်မျိုးဆက် AirPods 2 မှာ ဒီဇိုင်းကို အရမ်း ပြောင်းလဲထားမှာ မဟုတ်ပါဘူး။ အခုဓါတ်ပုံဟာ အရမ်းမှုန်ဝါးနေတဲ့အတွက် AirPods 2 ရဲ့ Charging Case အမှန်လားဆိုတာတောင် ခွဲခြားလို့ မရပါဘူး။ ဒီနှစ်ထဲမှာတော့ သူ့ကို ကြေညာမှာ မဟုတ်သေးပါဘူး။ မကြာခင်ကပဲ အရင်မျိုးဆက် မော်ဒယ်ကို အဆင့်မြှင့်ပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။

Ref : techradar

Apple AirPods 2 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

%d bloggers like this: