Xiaomi Mi 9 Lite ရဲ့ ဓါတ်ပုံနဲ့ Key Specs တွေ ထွက်ပေါ်လာ

Xiaomi Mi 9 Lite ရဲ့ ဓါတ်ပုံနဲ့ Key Specs တွေ ထွက်ပေါ်လာပြီး ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်းကို မြင်ရပါတယ်။ သူ့မှာ Qualcomm Snapdragon 710 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Snapdragon 712 Chipset မပါလာတာက အနည်းငယ် စိတ်ပျက်စရာကောင်းပါတယ်။ ၆.၃၉ လက်မ AMOLED FHD+ Display ပါလာမှာ ဖြစ်ပြီး 2340x1080p Resolution ဖြစ်ပါတယ်။
https://twitter.com/Sudhanshu1414/status/1172426945990053888
အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ ပင်မ ကင်မရာက 48MP ဖြစ်ပြီး 13MP Wide-angle နဲ့ 2MP Depth Sensor တွေ ပါပါတယ်။ Waterdrop Notch မှာ 32MP Selfie Camera တပ်ဆင်ထားပါတယ်။

Mi 9 Lite မှာ 18W Fast Charging ပါတဲ့ 4,030mAh Battery ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ Android 9.0 Pie အခြေပြု MIUI 10 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မပါတဲ့အတွက် မျက်နှာပြင်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။ NFC လည်း ပါလာမှာ ဖြစ်ပါတယ်။

Xiaomi က Mi 9 Series အသစ် ၁ လုံုးကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ Mi 9 Lite ဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့မှာ စပိန်တွင် ကြေညာမှာ ဖြစ်ပါတယ်။ တကယ်တော့ Mi 9 Lite ဟာ Xiaomi CC9 ပဲ ဖြစ်ပါတယ်။

Ref : gizmochina

Xiaomi Mi 9 Lite ရဲ့ ဓါတ်ပုံနဲ့ Key Specs တွေ ထွက်ပေါ်လာ

%d bloggers like this: