Sony က Snapdragon 855 , Triple Rear Cameras တွေပါတဲ့ Xperia 5 ကို တရုတ်မှာ ကြေညာတော့မယ်

Sony ဟာ မကြာခင်က ဘာလင်မှာ ကျင်းပခဲ့တဲ့ IFA 2019 မှာ စွမ်းရည်မြင့် Xperia 5 ကို ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ်မှာ ၂၄ ရက်နေ့တွင် မိတ်ဆက်တော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီနေ့မှာပဲ Xiaomi က တရုတ်မှာ Mi Mix Series တွေကို ပြသမှာ ဖြစ်တဲ့အတွက် ပွဲကတော့ ကြည့်ကောင်းပါပြီ။

Xperia 5 ရဲ့ Specs အားလုံးကို IFA 2019 မှာ သိခဲ့ပြီးပါပြီ။ သူ့မှာ ၆.၁ လက်မ OLED Display ပါပြီး CinemaWide Screen လို့ နာမည်ပေးထားပါတယ်။ မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်ပါတယ်။ သူဟာ စွမ်းရည်မြင့် Xperia 1 ရဲ့ အရွယ်သေး မော်ဒယ်ပါ။ သူ့မှာ Snapdragon 855 ပါပေမယ့် 5G တော့ မပါပါဘူး။
Xperia 1 လိုပဲ အနောက်ဘက်မှာ 12 MP Regular + 12 MP Ultra-Wide-Angle + 12 MP Telephoto Cameras တွေ ထည့်ထားပါတယ်။ ဒါပေမယ့် ဘယ်ဘက်အပေါ်ထောင့်ကို ပြောင်းတပ်ထားပါတယ်။ မျက်နှာပြင် အရွယ်သေးသွားတဲ့အတွက် Resolution ကိုပါ လျှော့လိုက်ပါတယ်။ သူ့မှာ Full HD+ Resolution ပါလာပါတယ်။

Dolby Atmos ပါတဲ့ စတီရီယို စပီကာ ၂ လုံးပါလာပါတယ်။ Xperia 1 လိုပဲ Creator Mode ပါလာပါတယ်။ ဒါ့အပြင် Smart Connectivity လုပ်ဆောင်ချက် အသစ် ပါလာပြီး ဝိုင်ဖိုင်လိုင်း မကောင်းတဲ့အချိန်တွေမှာ 4G ကို အလိုလို ပြောင်းပေးတဲ့အတွက် အင်တာနက် ပြတ်တောက်မှု မရှိတော့ပါဘူး။ အရွယ်သေးသွားတဲ့ အတွက် ဘက်ထရီကိုလည်း 3,140mAh သာ ထည့်ထားပါတယ်။ Power Delivery Charging ပါလာပြီး 18W နဲ့ အားသွင်းနိုင်ပါတယ်။ အောက်တိုဘာလမှာ ရောင်းပေးမှာပါ။

Ref : playfuldroid

Sony က Snapdragon 855 , Triple Rear Cameras တွေပါတဲ့ Xperia 5 ကို တရုတ်မှာ ကြေညာတော့မယ်

%d bloggers like this: