OPPO Reno Ace မှာ 65W SuperVOOC Fast Charging ပါမည်

OPPO နောက်လမှာ ကြေညာမယ့် စွမ်းရည်မြင့် Reno Ace မှာ 65W SuperVOOC Fast Charging ပါမယ်လို့ ဒုတိယ ဥက္ကဌ Brian Shen က အတည်ပြုလိုက်ပါတယ်။ အဲဒီ နည်းပညာဟာ အရင်နှစ်ထုတ် OPPO R17 Pro မှာ ပါတဲ့ 50W SuperVOOC Fast Charging ထက် ပိုမြန်ပါတယ်။ ၁၀ မိနစ်ထဲနဲ့ ၄၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

OPPO Reno Ace ကို အောက်တိုဘာလမှာ ကြေညာမှာ ဖြစ်ပါတယ်။ သူ့မှာ 90Hz Display ပါလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးပါဘူး။ Shen မျှဝေထားတဲ့ ပုံအရ Reno Ace ရဲ့ မျက်နှာပြင်အထက်နဲ့ အောက်ကဘောင်တွေဟာ အရမ်းကို ပါးလွှာပါတယ်။ ဘေး ၂ ဖက်ဟာ ဘောင်ပျောက်ဒီဇိုင်း ဖြစ်ပါတယ်။

Screen-to-body Ratio က ၁၀၀ ရာခိုင်နှုန်း နီးပါးလောက် ရှိမှာပါ။ Notch မပါဘဲ မျက်နှာပြင်အောက်မှာ ဆဲလ်ဖီး ကင်မရာ မြှပ်နှံထားမလား၊ Pop-up Camera ပါလာမလားဆိုတာ မသိရသေးပါဘူး။ သူ့မှာ Snapdragon 855+ ပါလာနိုင်ပါတယ်။ သူ့အကြောင်းကို လာမယ့် ရက်တွေမှာ ပိုသိလာရမှာပါ။ သူ့ကို ကြေညာမယ့် နေ့ရက် အတိအကျကို မပြောသေးပါဘူး။

Ref : gizmochina

OPPO Reno Ace မှာ 65W SuperVOOC Fast Charging ပါမည်

%d bloggers like this: