0 Shares 22 Views

နှင်းထူထပ်တဲ့အခြေအနေမှာ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ပထမဦးဆုံးမောင်းသူမဲ့ကားကို Ford စမ်းသပ်

Jan 13, 2016
0 22

_87600397_ford_car_snow

ကားကုမ္ပဏီကြီး Ford ဟာ ကုမ္ပဏီရဲ့ မောင်းသူမဲ့ကားတွေကို နှင်းထူထပ်တဲ့အခြေအနေမှာ အလိုအလျောက်မောင်းနှင်နိုင်အောင် စမ်းသပ်မှုတွေ အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မောင်းသူမဲ့ကားတွေဟာ သာမန်ရာသီဥတုအခြေအနေမျိုးမှာ အလုပ်ကောင်းကောင်းလုပ်ပေမယ့် နှင်းထူထပ်တဲ့အခြေအနေမျိုးမှာ ကောင်းမွန်စွာအလုပ်လုပ်ဖို့ ကတော့ ခဲယဉ်းပါတယ်။

အလိုအလျောက်မောင်းနှင်စနစ်အများစုမှာ အသုံးပြုထားတဲ့ အာရုံခံကိရိယာတွေဟာ လမ်းမျက်နှာပြင်ပေါ်ကအမှတ်အသားတွေ၊ အန္တရာယ်အတားအဆီးတွေကို သာမန်အခြေအနေမျိုးမှာ ကောင်းကောင်းအာရုံခံသိရှိကာ အလိုအလျောက်မောင်းနှင်နိုင်ပေမယ့် နှင်းထူထပ်တဲ့အခြေအနေမျိုးမှာ ဒီသင်္ကေတ၊အမှတ်အသား တွေဟာ နှင်းဖုံးပျောက်ကွယ်နေနိုင်သလို၊ လမ်းရဲ့အနေအထားကလည်း နှင်းတွေကြောင့် ပျက်ယွင်းနေနိုင်ပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့ အတွက်၊ Ford က အင်ဂျင်နီယာတွေဟာ Lidar အာရုံခံကိရိယာတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီဆန်ဆာတွေဟာ နှင်းဖုံးနေတဲ့လမ်းမပေါ်က အဆောက်အဦးနဲ့ လမ်းညွှန်ဆိုင်းဘုတ်အမှတ်အသားတွေလို ထင်ရှားတဲ့အမှတ်အသားတွေကို အာရုံခံနိုင်မှာ ဖြစ်ပါတယ်။

လေဆာစနစ်သုံးဒီအာရုံခံကိရိယာဟာ ကားရဲ့ဘေးပတ်ပတ်လည်ကို လေဆာအလင်းတန်းပစ်လွှတ်ကာ၊ အလင်းတန်း ဘယ်လောက်ပြန်လာလဲဆိုတာကို တွက်ချက်ပြီး အတားအဆီးတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ရေဒီယိုလှိုင်းသုံးရေဒါရဲ့ အလုပ်လုပ်ပုံနဲ့ ဆင်တူပြီး၊ Lidar ကတော့ ရေဒီယိုလှိုင်းနေရာမှာ လေဆာလှိုင်းနဲ့ အလုပ်လုပ်တာဖြစ်ပါတယ်

Lidar ဆန်ဆာကနေရရှိတဲ့အချက်အလက်တွေကို အသုံးပြုကာ ကားရဲ့ကွန်ပြူုတာကနေ သုံးဖက်မြင်လမ်းမပုံစံအဖြစ် ထုတ်ပေးပြီး အလိုအလျောက်မောင်းနှင်စနစ်ကိုအလုပ်လုပ်စေမှာဖြစ်ပါတယ်။

Ford ဟာ ဒီနည်းစနစ်ထည့်သွင်းထားတဲ့ကားတွေကို မီချီဂန်တက္ကသိုလ်က တည်ဆောက်ပေးထားတဲ့ မြို့ ပုံစံငယ်မှာ စမ်းသပ်သွားမှာ ဖြစ်ပြီး အဆိုပါမြို့ မှာ ပထမဆုံးကားစမ်းသပ်ခွင့်ရတဲ့ကုမ္ပဏီဖြစ်လာပါတယ်။

ပြိုင်ဘက်ကားကုမ္ပဏီဖြစ်တဲ့ Tesla ၊ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Uber နဲ့ Google တို့ ဟာလည်း နှင်းထူထပ်တဲ့အခြေအနေမျိုးမှာ အလိုအလျောက်မောင်းနှင်နိုင်တဲ့မောင်းသူမဲ့ကားတွေကို စမ်းသပ်လျက်ရှိပါတယ်။

Ref: BBC, Cnet

You may be interested

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်
NEWS, Tech Update
446 shares144 views

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်

Ko Thuya - Jul 23, 2017

ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်မှ သုတေသနပညာရှင်များက အာကာသရှိ ဂြိုလ်များမှ သက်ရှိများကို ရှာဖွေနိုင်တဲ့ မှန်ဘီလူး နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ မှန်ဘီလူးကို Digital Holographic Microscope လို့ အမည်ပေးထားပါတယ်။ နာဆာက ၁၉၇၆ ခုနှစ်မှာ Viking Space…

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု
NEWS, Science, Softwares & Application
125 shares48 views

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု

Ko Thuya - Jul 23, 2017

MIT မှ သိပ္ပံပညာရှင်များက လူရဲ့ စိတ်ခံစားမှုများကို သိဖို့ ၀ိုင်ဖိုင်နဲ့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေပါတယ်။ လူများထံ RF Signals များကို စေလွှတ်ခြင်းဖြင့် ပညာရှင်များက နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ Algorithm ကို ဖန်တီးခဲ့ကြပါတယ်။ RF Emitter…

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ
Mobiles & Tablets, NEWS
360 shares151 views

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Ko Thuya - Jul 23, 2017

စွမ်းဆောင်ရည်မြင့် Nokia 8 ရဲ့ သတင်းအချက်အလက်များဟာ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ အခုလည်း ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ ဓါတ်ပုံမှာ ဖွင့်ထားတဲ့ စကရင်၊ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့…

Leave a Comment

Most from this category