Realme က အိႏၵိယမွာ 10,000mAh Power Bank ကို ေရာင္းခ်

Realme က အိႏၵိယမွာ 10,000mAh Power Bank ကို ေၾကညာေပးလိုက္ၿပီး ရူပီး ၁၂၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၂၇ ၀၀၀ ေလာက္ရွိပါတယ္။ အညိဳ၊ အ၀ါေတာက္ေတာက္နဲ႔ အနီေတာက္ေတာက္ အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ အဲဒီ Power Bank ကို မၾကာခင္က က်င္းပခဲ့တဲ့ IFA 2019 မွာ ေၾကညာခဲ့တာ ျဖစ္ၿပီး ကုမၸဏီရဲ႕ ပထမဆံုး Power Bank ျဖစ္ပါတယ္။

Power Bank မွာ USB Type-C Port ၁ ခုနဲ႔ USB A Port ၁ ခု ပါပါတယ္။ Type-C Port ကို Input , Output Port အေနနဲ႔ သံုးႏိုင္ပါတယ္။ Ports ၂ ခုစလံုးမွာ 18W Fast Charging ပါၿပီး ၅၆ မိနစ္အတြင္းမွာ iPhone XS Max ကို ၀ ကေန ၁၀၀ ရာခုိင္ႏႈန္း အားျဖည့္ေပးႏိုင္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ညာဘက္ေထာင့္မွာ ပါ၀ါ ခလုတ္နဲ႔ ဘက္ထရီ ပမာဏကို ျပသတဲ့ LEDs ၄ လံုး တပ္ဆင္ထားပါတယ္။

10,000mAh Lithium Battery ပါၿပီး Realme Q ကို ၁.၇၃ ႀကိမ္၊ Realme X ကို ၁.၈၆ ႀကိမ္နဲ႔ iPhone XS ကို ၂.၃ ႀကိမ္ အားသြင္းေပးႏုိင္ပါတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ လက္ပ္ေတာ့ တခ်ိဳ႕နဲ႔ ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာေတြကိုေတာင္ အားသြင္းေပးႏုိင္တယ္လို႔ သိရပါတယ္။ မတူညီတဲ့ Protections ၁၂ မ်ိဳးနဲ႔ ကာကြယ္ထားပါတယ္။

Ref : fonearena

[Unicode]

Realme က အိန္ဒိယမှာ 10,000mAh Power Bank ကို ရောင်းချ

Realme က အိန္ဒိယမှာ 10,000mAh Power Bank ကို ကြေညာပေးလိုက်ပြီး ရူပီး ၁၂၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၇ ၀၀၀ လောက်ရှိပါတယ်။ အညို၊ အဝါတောက်တောက်နဲ့ အနီတောက်တောက် အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အဲဒီ Power Bank ကို မကြာခင်က ကျင်းပခဲ့တဲ့ IFA 2019 မှာ ကြေညာခဲ့တာ ဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး Power Bank ဖြစ်ပါတယ်။

Power Bank မှာ USB Type-C Port ၁ ခုနဲ့ USB A Port ၁ ခု ပါပါတယ်။ Type-C Port ကို Input , Output Port အနေနဲ့ သုံးနိုင်ပါတယ်။ Ports ၂ ခုစလုံးမှာ 18W Fast Charging ပါပြီး ၅၆ မိနစ်အတွင်းမှာ iPhone XS Max ကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ညာဘက်ထောင့်မှာ ပါဝါ ခလုတ်နဲ့ ဘက်ထရီ ပမာဏကို ပြသတဲ့ LEDs ၄ လုံး တပ်ဆင်ထားပါတယ်။

10,000mAh Lithium Battery ပါပြီး Realme Q ကို ၁.၇၃ ကြိမ်၊ Realme X ကို ၁.၈၆ ကြိမ်နဲ့ iPhone XS ကို ၂.၃ ကြိမ် အားသွင်းပေးနိုင်ပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ လက်ပ်တော့ တချို့နဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေကိုတောင် အားသွင်းပေးနိုင်တယ်လို့ သိရပါတယ်။ မတူညီတဲ့ Protections ၁၂ မျိုးနဲ့ ကာကွယ်ထားပါတယ်။

Ref : fonearena

%d bloggers like this: