Huawei Mate 30 Pro ရဲ႕ အနီးကပ္ ဓါတ္ပံု ထြက္ေပၚလာ

Huawei Mate 30 Pro ကို အနီးကပ္ရုိက္ထားတဲ့ ဓါတ္ပံု ၁ ပံုထြက္ေပၚလာပါတယ္။ အျဖဴေရာင္ ပလတ္စတစ္နဲ႔ ဖုန္းဒီဇိုင္းကို ကာကြယ္ထားတာ ျမင္ရပါတယ္။ စကရင္ဟာ ေကြးညႊတ္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ သူ႔မွာ Waterfall Screen ပါလာမွာ ျဖစ္ပါတယ္။ Notch ကို ဒီဇိုင္း ဆန္းသစ္ထားၿပီး ဒုတိယ မ်ိဳးဆက္ Face Recognition နည္းပညာ ထည့္သြင္းထားမွာပါ။

အရင္ သတင္းေတြအရ သူ႔မွာ ေနာက္ဆံုးထုတ္ HiSilicon Kirin 990 Chipset ေမာင္းႏွင္ထားမွာပါ။ SoC မွာ Balong 5000 5G Modem ပါလာမွာပါ။ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ထည့္ထားႏုိင္ပါတယ္။ 4200mAh Battery ထည့္သြင္းထားၿပီး 55W Fast Charging ပါလာမွာပါ။ Huawei Mate 30 Pro မွာ ၆.၇၁ လက္မ AMOLED Display ပါမယ္ဆိုတာကို ေမလက သတင္းထြက္ခဲ့ပါတယ္။ ဇြန္လမွာေတာ့ တရုတ္က ထြက္လာတဲ့ သတင္းအရ မ်က္ႏွာျပင္ဟာ 90Hz Refresh Rate ျဖစ္မယ္လို႔ သိရပါတယ္။ OnePlus 7 Pro နဲ႔ တူသြားမွာပါ။

OnLeaks ကေန Mate 30 Pro ရဲ႕ 5K Image နဲ႔ ၃၆၀ ဒီဂရီ ဗီဒီယိုေတြ မၾကာခင္က ထြက္လာပါတယ္။ ဓါတ္ပံုေတြအရ သူ႔မွာ တန္ဖိုးႀကီး ဖန္နဲ႔ သတၱဳ ေပါင္းစပ္တည္ေဆာက္ထားပါတယ္။ အေနာက္ဘက္မွာ စက္၀ိုင္းပံု Quad-camera ထည့္သြင္းထားပါတယ္။

Huawei Mate 30 Pro ရဲ႕ အေနာက္မွာ 40MP Sensor ၂ လံုး ပါမွာ ျဖစ္တဲ့ အျပင္ အရြယ္အစားလည္း ႀကီးမားမွာပါ။ ပင္မ ကင္မရာဟာ 40MP Resolution ျဖစ္ၿပီး P30 Pro လို Quad RYYB Filter ျဖစ္ပါတယ္။ ဒါေပမယ့္ ပိုမိုႀကီးမားတဲ့ 1/1.55” Type Sensor ပါ။ ဒုတိယ 40MP Sensor ဟာ Ultra Wide-angle Lens ျဖစ္ပါတယ္။ သူဟာ 1/1.7” Sensor ျဖစ္ၿပီး P30 Pro ရဲ႕ ပင္မ ဆန္ဆာနဲ႔ အရြယ္အစား တူပါတယ္။ ကင္မရာေတြထဲမွာ Ultra Wide နဲ႔ Telephoto ေတြ ပါ၀င္ပါတယ္။ ToF လို 3D Sensor လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Huawei Mate 30 Pro ရဲ့ အနီးကပ် ဓါတ်ပုံ ထွက်ပေါ်လာ

Huawei Mate 30 Pro ကို အနီးကပ်ရိုက်ထားတဲ့ ဓါတ်ပုံ ၁ ပုံထွက်ပေါ်လာပါတယ်။ အဖြူရောင် ပလတ်စတစ်နဲ့ ဖုန်းဒီဇိုင်းကို ကာကွယ်ထားတာ မြင်ရပါတယ်။ စကရင်ဟာ ကွေးညွှတ် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ သူ့မှာ Waterfall Screen ပါလာမှာ ဖြစ်ပါတယ်။ Notch ကို ဒီဇိုင်း ဆန်းသစ်ထားပြီး ဒုတိယ မျိုးဆက် Face Recognition နည်းပညာ ထည့်သွင်းထားမှာပါ။

အရင် သတင်းတွေအရ သူ့မှာ နောက်ဆုံးထုတ် HiSilicon Kirin 990 Chipset မောင်းနှင်ထားမှာပါ။ SoC မှာ Balong 5000 5G Modem ပါလာမှာပါ။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်ထားနိုင်ပါတယ်။ 4200mAh Battery ထည့်သွင်းထားပြီး 55W Fast Charging ပါလာမှာပါ။ Huawei Mate 30 Pro မှာ ၆.၇၁ လက်မ AMOLED Display ပါမယ်ဆိုတာကို မေလက သတင်းထွက်ခဲ့ပါတယ်။ ဇွန်လမှာတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ မျက်နှာပြင်ဟာ 90Hz Refresh Rate ဖြစ်မယ်လို့ သိရပါတယ်။ OnePlus 7 Pro နဲ့ တူသွားမှာပါ။

OnLeaks ကနေ Mate 30 Pro ရဲ့ 5K Image နဲ့ ၃၆၀ ဒီဂရီ ဗီဒီယိုတွေ မကြာခင်က ထွက်လာပါတယ်။ ဓါတ်ပုံတွေအရ သူ့မှာ တန်ဖိုးကြီး ဖန်နဲ့ သတ္တု ပေါင်းစပ်တည်ဆောက်ထားပါတယ်။ အနောက်ဘက်မှာ စက်ဝိုင်းပုံ Quad-camera ထည့်သွင်းထားပါတယ်။

Huawei Mate 30 Pro ရဲ့ အနောက်မှာ 40MP Sensor ၂ လုံး ပါမှာ ဖြစ်တဲ့ အပြင် အရွယ်အစားလည်း ကြီးမားမှာပါ။ ပင်မ ကင်မရာဟာ 40MP Resolution ဖြစ်ပြီး P30 Pro လို Quad RYYB Filter ဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုကြီးမားတဲ့ 1/1.55” Type Sensor ပါ။ ဒုတိယ 40MP Sensor ဟာ Ultra Wide-angle Lens ဖြစ်ပါတယ်။ သူဟာ 1/1.7” Sensor ဖြစ်ပြီး P30 Pro ရဲ့ ပင်မ ဆန်ဆာနဲ့ အရွယ်အစား တူပါတယ်။ ကင်မရာတွေထဲမှာ Ultra Wide နဲ့ Telephoto တွေ ပါဝင်ပါတယ်။ ToF လို 3D Sensor လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: