Vivo NEX 3 ရဲ့ Screen-to-body Ratio ဟာ ၉၉.၆ ရာခိုင်နှုန်း ရှိမယ်

Vivo ရဲ့ ထုတ်ကုန် မန်နေဂျာ Li Xiang က Vivo NEX 3 ရဲ့ Screen-to-body Ratio ဟာ ၉၉.၆ ရာခိုင်နှုန်း ရှိမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူက ဝီဘိုမှာ ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး နောက် ၆ လအတွင်းမှာ အဲဒီလောက်မြင့်မားတဲ့ Screen-to-body Ratio ပါတဲ့ စမတ်ဖုန်းတွေ ထွက်လာမှာ မဟုတ်ဘူးလို့ ဟောကိန်းထုတ်လိုက်ပါတယ်။

အရင်သတင်းတွေအရ Vivo NEX 3 ရဲ့ မျက်နှာပြင် အရွယ်အစားက ၆.၈၉ လက်မ ဖြစ်ပြီး 2256x1080p Resolution ဖြစ်ပါတယ်။ 99.6 Percent Screen-To-Body Ratio ဖြစ်တဲ့အတွက် တကယ့်ကို ဘောင်ပျောက် ဒီဇိုင်းဖြစ်ပါတယ်။ သူ့မှာ Waterfall Screen Design ကို အသုံးပြုထားတဲ့အတွက် Screen-To-Body Ratio က ဒီလောက်မြင့်မားတာ ဖြစ်ပါတယ်။ ဘက်ထရီက 4,500mAh ဖြစ်ပြီး 44W Fast Charging ပါလာမှာ ဖြစ်ပါတယ်။ အရင်သတင်းထွက်ထားတဲ့ 100W Fast Charging တော့ မပါလာတော့ပါဘူး။

Vivo က NEX 3 ကို ဒီလ ၁၆ ရက်မှာ ကြေညာတော့မှာပါ။ သူ့ရဲ့ Specs အပြည့်အစုံလည်း TENAA မှာ ထွက်ခဲ့ပြီးပါပြီ။ 5G Modem ကလွဲပြီး 5G Model နဲ့ Specs တွေ အားလုံး တူညီပါတယ်။ Vivo NEX 3 ကို ဒေါ်လာ ၇၀၀ နဲ့ 5G Model ကိုတော့ ဒေါ်လာ ၇၀ လောက်ပိုပေးရနိုင်ပါတယ်။ မကြာခင်ကလည်း Vivo က သူ့ရဲ့ Official Image တွေကို မျှဝေလိုက်ပြီး သူ့ရဲ့ ဒီဇိုင်းကို ပိုမိုသိလာရပါပြီ။

အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ ပါပါတယ်။ ဘေးဘက်တွေမှာ Physical Buttons တွေ မပါပါဘူး။ Pop-up Selfie Camera ၂ လုံး ထည့်ထားပါတယ်။ TENAA မှ ဒေတာဘေ့စ်အရ သူ့မှာ 64MP Triple Cameras နဲ့ Snapdragon 855+ ထည့်ထားပါတယ်။ နောက်ထပ် ကင်မရာ ၂ လုံးက 13MP တွေ ဖြစ်ပြီး Telephoto နဲ့ Ultrawide တွေ ဖြစ်ပါတယ်။ အရှေ့ ကင်မရာ ၁ လုံးက 16MP ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ 12GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာပါ။

Ref : gsmarena

Vivo NEX 3 ရဲ့ Screen-to-body Ratio ဟာ ၉၉.၆ ရာခိုင်နှုန်း ရှိမယ်

%d bloggers like this: