Vivo NEX 3 ရဲ႕ Screen-to-body Ratio ဟာ ၉၉.၆ ရာခုိင္ႏႈန္း ရွိမယ္

Vivo ရဲ႕ ထုတ္ကုန္ မန္ေနဂ်ာ Li Xiang က Vivo NEX 3 ရဲ႕ Screen-to-body Ratio ဟာ ၉၉.၆ ရာခုိင္ႏႈန္း ရွိမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ သူက ၀ီဘိုမွာ ဒီသတင္းကို မွ်ေ၀လိုက္တာ ျဖစ္ၿပီး ေနာက္ ၆ လအတြင္းမွာ အဲဒီေလာက္ျမင့္မားတဲ့ Screen-to-body Ratio ပါတဲ့ စမတ္ဖုန္းေတြ ထြက္လာမွာ မဟုတ္ဘူးလို႔ ေဟာကိန္းထုတ္လိုက္ပါတယ္။

အရင္သတင္းေတြအရ Vivo NEX 3 ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားက ၆.၈၉ လက္မ ျဖစ္ၿပီး 2256x1080p Resolution ျဖစ္ပါတယ္။ 99.6 Percent Screen-To-Body Ratio ျဖစ္တဲ့အတြက္ တကယ့္ကို ေဘာင္ေပ်ာက္ ဒီဇိုင္းျဖစ္ပါတယ္။ သူ႔မွာ Waterfall Screen Design ကို အသံုးျပဳထားတဲ့အတြက္ Screen-To-Body Ratio က ဒီေလာက္ျမင့္မားတာ ျဖစ္ပါတယ္။ ဘက္ထရီက 4,500mAh ျဖစ္ၿပီး 44W Fast Charging ပါလာမွာ ျဖစ္ပါတယ္။ အရင္သတင္းထြက္ထားတဲ့ 100W Fast Charging ေတာ့ မပါလာေတာ့ပါဘူး။

Vivo က NEX 3 ကို ဒီလ ၁၆ ရက္မွာ ေၾကညာေတာ့မွာပါ။ သူ႔ရဲ႕ Specs အျပည့္အစံုလည္း TENAA မွာ ထြက္ခဲ့ၿပီးပါၿပီ။ 5G Modem ကလြဲၿပီး 5G Model နဲ႔ Specs ေတြ အားလံုး တူညီပါတယ္။ Vivo NEX 3 ကို ေဒၚလာ ၇၀၀ နဲ႔ 5G Model ကိုေတာ့ ေဒၚလာ ၇၀ ေလာက္ပိုေပးရႏုိင္ပါတယ္။ မၾကာခင္ကလည္း Vivo က သူ႔ရဲ႕ Official Image ေတြကို မွ်ေ၀လိုက္ၿပီး သူ႔ရဲ႕ ဒီဇိုင္းကို ပိုမိုသိလာရပါၿပီ။

အေနာက္ဘက္မွာ စက္၀ိုင္းပံု ကင္မရာ ပါပါတယ္။ ေဘးဘက္ေတြမွာ Physical Buttons ေတြ မပါပါဘူး။ Pop-up Selfie Camera ၂ လံုး ထည့္ထားပါတယ္။ TENAA မွ ေဒတာေဘ့စ္အရ သူ႔မွာ 64MP Triple Cameras နဲ႔ Snapdragon 855+ ထည့္ထားပါတယ္။ ေနာက္ထပ္ ကင္မရာ ၂ လံုးက 13MP ေတြ ျဖစ္ၿပီး Telephoto နဲ႔ Ultrawide ေတြ ျဖစ္ပါတယ္။ အေရွ႕ ကင္မရာ ၁ လံုးက 16MP ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ 12GB RAM နဲ႔ 512GB Storage အထိ ေရြးခ်ယ္ႏုိင္မွာပါ။

Ref : gsmarena

[Unicode]

Vivo NEX 3 ရဲ့ Screen-to-body Ratio ဟာ ၉၉.၆ ရာခိုင်နှုန်း ရှိမယ်

Vivo ရဲ့ ထုတ်ကုန် မန်နေဂျာ Li Xiang က Vivo NEX 3 ရဲ့ Screen-to-body Ratio ဟာ ၉၉.၆ ရာခိုင်နှုန်း ရှိမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူက ဝီဘိုမှာ ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး နောက် ၆ လအတွင်းမှာ အဲဒီလောက်မြင့်မားတဲ့ Screen-to-body Ratio ပါတဲ့ စမတ်ဖုန်းတွေ ထွက်လာမှာ မဟုတ်ဘူးလို့ ဟောကိန်းထုတ်လိုက်ပါတယ်။

အရင်သတင်းတွေအရ Vivo NEX 3 ရဲ့ မျက်နှာပြင် အရွယ်အစားက ၆.၈၉ လက်မ ဖြစ်ပြီး 2256x1080p Resolution ဖြစ်ပါတယ်။ 99.6 Percent Screen-To-Body Ratio ဖြစ်တဲ့အတွက် တကယ့်ကို ဘောင်ပျောက် ဒီဇိုင်းဖြစ်ပါတယ်။ သူ့မှာ Waterfall Screen Design ကို အသုံးပြုထားတဲ့အတွက် Screen-To-Body Ratio က ဒီလောက်မြင့်မားတာ ဖြစ်ပါတယ်။ ဘက်ထရီက 4,500mAh ဖြစ်ပြီး 44W Fast Charging ပါလာမှာ ဖြစ်ပါတယ်။ အရင်သတင်းထွက်ထားတဲ့ 100W Fast Charging တော့ မပါလာတော့ပါဘူး။

Vivo က NEX 3 ကို ဒီလ ၁၆ ရက်မှာ ကြေညာတော့မှာပါ။ သူ့ရဲ့ Specs အပြည့်အစုံလည်း TENAA မှာ ထွက်ခဲ့ပြီးပါပြီ။ 5G Modem ကလွဲပြီး 5G Model နဲ့ Specs တွေ အားလုံး တူညီပါတယ်။ Vivo NEX 3 ကို ဒေါ်လာ ၇၀၀ နဲ့ 5G Model ကိုတော့ ဒေါ်လာ ၇၀ လောက်ပိုပေးရနိုင်ပါတယ်။ မကြာခင်ကလည်း Vivo က သူ့ရဲ့ Official Image တွေကို မျှဝေလိုက်ပြီး သူ့ရဲ့ ဒီဇိုင်းကို ပိုမိုသိလာရပါပြီ။

အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ ပါပါတယ်။ ဘေးဘက်တွေမှာ Physical Buttons တွေ မပါပါဘူး။ Pop-up Selfie Camera ၂ လုံး ထည့်ထားပါတယ်။ TENAA မှ ဒေတာဘေ့စ်အရ သူ့မှာ 64MP Triple Cameras နဲ့ Snapdragon 855+ ထည့်ထားပါတယ်။ နောက်ထပ် ကင်မရာ ၂ လုံးက 13MP တွေ ဖြစ်ပြီး Telephoto နဲ့ Ultrawide တွေ ဖြစ်ပါတယ်။ အရှေ့ ကင်မရာ ၁ လုံးက 16MP ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ 12GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာပါ။

Ref : gsmarena

%d bloggers like this: