Vivo ရဲ့ ထုတ်ကုန်အသစ်ဖြစ်လာမယ့် V17Pro က စမတ်ဖုန်းလောကမှာ ကင်မရာပိုင်းကို ဘုရင်တစ်ဆူ ဖြစ်လာနိုင်မလား

Vivo ရဲ့ မကြာမီ အသစ်ထွက်ရှိလာမယ့် V17Pro ကို တရားဝင် ကြေညာချက်မထုတ်ပြန်သေးပေမယ့် အချက်အလက်တစ်ချို့ ပေါက်ကြားလာပါ တယ်။ နောက်ထပ်အသစ်ထွက်လာမယ့် Vivo V17 pro စမတ်ဖုန်း သစ်ရဲ့ဒီဇိုင်း ကို 91 mobiles ဝက်ဆိုက်ဒ်မှာ ကြော်ငြာဖို့ လက်ခံရရှိထားပြီးဖြစ်တယ်ဆိုတဲ့ သတင်းအရင်း အမြစ်ကို ရရှိထားပါတယ်။ V17 pro မှာဆိုရင် (dual pop up) ဆဲလ်ဖီကင်မရာ နှစ်လုံးပါဝင်လာမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ဇူလိုင်လမှာ ထုတ်ခဲ့တဲ့ Vivo ရဲ့ ပထမ အစီရင်ခံစာမှာ ဖော်ပြခဲ့တယ်။ V17 pro ရဲ့ ဒီဇိုင်း အသစ်မှာ မျက်နှာပြင်အောက်လက်ဗွေစနစ် က V15Pro အတိုင်းပဲ ဆက်ပြီးပါ လာမယ်။ ရှေ့မျက်နှာပြင် ဘောင်က ပုံရိပ်တွေကို ရှင်းရှင်းလင်း လင်းမြင်နိုင်နေေ ပမယ့် စမတ်ဖုန်းရဲ့နောက်ဘက်ဒီဇိုင်းက ဘယ်လိုပုံစံနဲ့လာမယ်ဆိုတာတော့ အသေးစိတ်လွယ်လွယ်ကူကူမပြောနိုင်သေးဘူး။ ဖုန်းအရောင်က Vivo ရဲ့ အရင်ထွက်ရှိပြီးသား V15 Pro ဒီဇိုင်းတွေလိုပဲ ကျောဘက်မှာ အပြာရောင်ရောင်ပြေးလေးကို အသုံးပြုထားမလား။ ဒါမှမဟုတ် ဘာအရောင် ဆန်းလေးတွေ အသုံးပြုထားမလဲဆိုတာလဲ စိတ်ဝင်စားစရာ အချက်တစ်ခုပါပဲ။ ထပ်ပြောရရင် အဲဒီဒီဇိုင်းနဲ့တူတဲ့စမတ်ဖုန်းကို the Bigg Boss reality TV series အပိုင်း ၁၃ promo မှာ Salman Khan ကိုင်ထားတာကိုလည်း တွေ့လိုက်ပါတယ်။

Brand ambassador Aamir Khan ကိုင်ထားတဲ့ V 17 pro ကို ကြည့်လိုက်မယ်ဆိုရင်  Vivo ရဲ့ logo က ဖုန်းနောက်ကျောဘက်ရဲ့ အောက်ခြေနားလေးမှာ ရှိတာကိုတွေ့တယ်။ V17 Pro ဟာ ဒီလအကုန်မှာ တရားဝင်ထွက်လာတော့မယ်လို့ မျှော်လင့်ရတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ဒေဝါလီပွဲတော်မတိုင်မီ ဈေးကွက်ထဲမှာ ဝယ်လို့ရနိုင်မယ်လို့ ခန့်မှန်းမိတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း Vivo ကနေ brand အသစ်ဖြစ်တဲ့ V 17 pro ကို တရားဝင်မိတ်ဆက်ဖို့ စတင်လုပ်ဆောင်နေပြီဆိုတဲ့ အကြောင်းတွေလည်း ကြားနေရတယ်။ ဒါပေမယ့် Vivo Myanmar ဘက်ကနေပြီးတော့ ဘာမှတော့ တရားဝင် မကြေညာသေးပါဘူး။

Vivo V17Pro မှာ ကင်မရာဘယ်နှစ်လုံးပါဝင်လာမယ်ဆိုတာကိုတော့ သေချာမသိရသေးဘူး။  ဒါပေမယ့် ထုတ်ပြန်ထားတဲ့ သတင်းတွေအရ ကင်မရာ ၆ လုံး ပါဝင်လာမယ်လို့တော့ သိရပါတယ်။ သေချာတာကတော့ Zooming လုပ်ဆောင်နိုင်စွမ်းကို ပိုမိုတိုးမြှင့်ထားမယ်ဆိုတာပါပဲ။ ဒါကြောင့် OPPO Reno 10X Zoom တို့ Redmi Note 8 Pro တို့မှာ တွေ့ရတဲ့ Zooming Feature တွေလိုမျိုးပဲ  V17 pro မှာလည်း ပါလာနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်လို့ရတယ်။ Vivo ကနေ Flagship series တစ်ခုဖြစ်တဲ့ V17 Pro စမတ်ဖုန်းကိုလည်း စမတ်ဖုန်းလောကရဲ့စံပြတစ်ခုအဖြစ် မကြာခင်မိတ်ဆက်လာနိုင်မယ်လို့ ထင်ပါ တယ်။

#vivomyanmar

%d bloggers like this: