Motorola One Macro ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Motorola စမတ်ဖုန်း အသစ် ၁ လုံးရဲ့ Specifications တွေ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့ပါတယ်။ သူဟာ Moto G8 Play ဖြစ်မယ်လို့ ထင်ခဲ့ကြပါတယ်။ အခုတော့ သူဟာ One Macro ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ အခုတော့ One Macro ရဲ့ ဓါတ်ပုံ ၁ ပုံထွက်ပေါ်လာပါတယ်။ သူ့မှာ Notch Display ထည့်သွင်းထားပြီး မျက်နှာပြင်အောက်က ဘောင်ဟာပါးလွှာပါတယ်။ ညာဘက်မှာ ခရမ်းရောင် ပါဝါနဲ့ အသံခလုတ်တွေ တပ်ဆင်ထားပါတယ်။

One Macro ရဲ့ သတင်းအချက်အလက်တွေကို Geekbench မှာ ဖော်ပြထားပါတယ်။ သူ့မှာ Helio P60 SoC, 2GB RAM နဲ့ Android Pie တွေ ထည့်သွင်းထားပါတယ်။ Geekbench ရဲ့ Single Core နဲ့ Multi Core စမ်းသပ်ချက်မှာ ၁၄၂၉ နဲ့ ၅၅၈၄ မှတ် ရထားပါတယ်။

Motorola ကတော့ One Macro ရဲ့ သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းကို မကြာခင်က Thailand ရဲ့ NBTC မှာ မှတ်ပုံတင်ထားတဲ့အတွက် မကြာခင်မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

Motorola One Macro ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

%d bloggers like this: