Redmi 8A ကို TENAA မွာ မွတ္ပံုတင္လိုက္ၿပီ

Redmi Note 8 နဲ႔ Note 8 Pro ေတြကိုေတာ့ ေၾကညာၿပီးပါၿပီ။ တန္ဖိုးနည္း ဖုန္းေတြ ျဖစ္တဲ့ Redmi 8 နဲ႔ Redmi 8A ေတြကို မၾကာခင္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ Redmi 8A ကို TENAA မွာ မွတ္ပံုတင္လိုက္ပါတယ္။ TENAA မွာေတာ့ သူ႔ရဲ႕ Specs ေတြကို ေဖာ္ျပထားျခင္း မရွိေသးပါဘူး။ မၾကာခင္မွာေတာ့ သိလာရမယ္ထင္ပါတယ္။ ဓါတ္ပံုေတြအရ သူ႔မွာ အရြယ္ေသး Notch ထည့္သြင္းထားမွာ ျဖစ္ၿပီး ခလုတ္အားလံုးကို ညာဘက္မွာ တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၁ လံုးသာ ထည့္သြင္းထားပါတယ္။

Xiaomi ရဲ႕ Redmi Series ေတြက ေစ်းအခ်ိဳဆံုး ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi 8 နဲ႔ Redmi 8A တို႔ကို ထိုင္းမွာ မွတ္ပံုတင္လိုက္ၿပီ ျဖစ္ၿပီး အဲဒီအတြက္ မၾကာခင္မွာ မိတ္ဆက္ႏုိင္ပါတယ္။ TENAA မွာ Redmi 8 ရဲ႕ Specs ေတြ ၿပီးခဲ့တဲ့လက ထြက္ေပၚခဲ့ပါတယ္။ သူ႔မွာ ၆.၂၁ လက္မ 1520x720p Display ထည့္သြင္းထားပါတယ္။

မ်က္ႏွာျပင္ေအာက္က ေဘာင္က အနည္းငယ္ ထူပါတယ္။ Notch မွာ 8MP Camera ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုးပါၿပီး 12MP Main Camera ပါပါတယ္။ ကင္မရာေအာက္မွာ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားပါတယ္။ Designed by Xiaomi စာသားကိုလည္း အေနာက္ဘက္ေအာက္နားမွာ ေရးထြင္းထားပါတယ္။

သူ႔မွာ 2.0GHz Octa-core Processor ေမာင္းႏွင္ထားပါတယ္။ 2GB/16GB, 3GB/32GB, 4GB/64GB ေတြ ထုတ္လုပ္ထားႏုိင္ပါတယ္။ 512GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။ Android Pie ေမာင္းႏွင္ထားပါတယ္။ လွ်င္ျမန္စြာ အားသြင္း စနစ္ပါတဲ့ 5000mAh Battery ထည့္သြင္းထားေပမယ့္ အားသြင္း အျမန္ႏႈန္းကို မသိရေသးပါဘူး။ သူ႔ကို ေၾကညာမယ့္ အခ်ိန္နဲ႔ ေစ်းႏႈန္းကို မသိရေသးပါဘူး။ လက္ရွိမွာ သူ႔ရဲ႕ သတင္းအခ်က္အလက္ေတြကို ဒီေလာက္ပဲ သိရပါေသးတယ္။ မၾကာခင္မွာ ပိုမို သိလာရမယ္လို႔ ထင္ပါတယ္။

Ref : gsmarena

[Unicode]

Redmi 8A ကို TENAA မှာ မှတ်ပုံတင်လိုက်ပြီ

Redmi Note 8 နဲ့ Note 8 Pro တွေကိုတော့ ကြေညာပြီးပါပြီ။ တန်ဖိုးနည်း ဖုန်းတွေ ဖြစ်တဲ့ Redmi 8 နဲ့ Redmi 8A တွေကို မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ Redmi 8A ကို TENAA မှာ မှတ်ပုံတင်လိုက်ပါတယ်။ TENAA မှာတော့ သူ့ရဲ့ Specs တွေကို ဖော်ပြထားခြင်း မရှိသေးပါဘူး။ မကြာခင်မှာတော့ သိလာရမယ်ထင်ပါတယ်။ ဓါတ်ပုံတွေအရ သူ့မှာ အရွယ်သေး Notch ထည့်သွင်းထားမှာ ဖြစ်ပြီး ခလုတ်အားလုံးကို ညာဘက်မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၁ လုံးသာ ထည့်သွင်းထားပါတယ်။

Xiaomi ရဲ့ Redmi Series တွေက ဈေးအချိုဆုံး ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi 8 နဲ့ Redmi 8A တို့ကို ထိုင်းမှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး အဲဒီအတွက် မကြာခင်မှာ မိတ်ဆက်နိုင်ပါတယ်။ TENAA မှာ Redmi 8 ရဲ့ Specs တွေ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့ပါတယ်။ သူ့မှာ ၆.၂၁ လက်မ 1520x720p Display ထည့်သွင်းထားပါတယ်။

မျက်နှာပြင်အောက်က ဘောင်က အနည်းငယ် ထူပါတယ်။ Notch မှာ 8MP Camera ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးပါပြီး 12MP Main Camera ပါပါတယ်။ ကင်မရာအောက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ Designed by Xiaomi စာသားကိုလည်း အနောက်ဘက်အောက်နားမှာ ရေးထွင်းထားပါတယ်။

သူ့မှာ 2.0GHz Octa-core Processor မောင်းနှင်ထားပါတယ်။ 2GB/16GB, 3GB/32GB, 4GB/64GB တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Android Pie မောင်းနှင်ထားပါတယ်။ လျှင်မြန်စွာ အားသွင်း စနစ်ပါတဲ့ 5000mAh Battery ထည့်သွင်းထားပေမယ့် အားသွင်း အမြန်နှုန်းကို မသိရသေးပါဘူး။ သူ့ကို ကြေညာမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ပိုမို သိလာရမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: