90Hz Display ပါလာမယ့် Honor V30

Honor ရဲ့ ပထမဆုံး 5G Smartphone ဖြစ်တဲ့ V30 မှာ 90Hz Display ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ စမတ်ဖုန်း ကုမ္ပဏီတွေက 90Hz Display ကို အသုံးပြုလာကြပါတယ်။ အဲဒီ မျက်နှာပြင် နည်းပညာဟာ ဂိမ်း ကစားတဲ့အခါ ၊ ရုပ်ရှင်ကြည့်တဲ့ အခါတွေမှာ ရုပ်ထွက်တွေပို ချောမွတ်ပါတယ်။ OnePlus 7 Pro မှာလည်း 90Hz Display ပါလာပါတယ်။ OPPO နောက်ထုတ်မယ့် Ace မှာလည်း ပါလာမှာပါ။ Xiaomi Mi Mix 4 မှာလည်း ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Huawei က မကြာခင်က စွမ်းရည်မြင့် Kirin 990 SoC ကို ကြေညာခဲ့ပြီး Mate 30 Series တွေမှာ အစောဆုံး ထည့်သွင်းပေးမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာ Huawei ရဲ့ ကုမ္ပဏီခွဲ Honor က Kirin 990 SoC ပါမယ့် ပထမဆုံး သူ့ရဲ့ စမတ်ဖုန်းကို အတည်ပြုလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Honor V30 ဖြစ်ပြီး 5G ပါလာမှာပါ။ တရုတ်မှာ Vera30 နာမည်နဲ့ ရောင်းချမှာ ဖြစ်ပြီး အခြားနိုင်ငံတွေမှာ V30 or View 30 လို့ နာမည်ပေးထားနိုင်ပါတယ်။

Honor ရဲ့ ဥက္ကဌ Zhao Ming က V30 ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G Smartphone ဖြစ်မယ်လို့ အရင်လက ဝီဘိုမှာ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ စွမ်းရည်မြင့် စမတ်ဖုန်းတွေလို Full 5G SA နဲ့ NSA Network တွေကိုလည်း ထောက်ပံ့မယ်လို့ သူက ပြောပါတယ်။ သူက အခြား သတင်းအချက်အလက်တွေကိုတော့ မပြောသေးပါဘူး။

Honor ရဲ့ မိခင် ကုမ္ပဏီ Huawei က တရုတ်မှာ သူ့ရဲ့ပထမဆုံး 5G Smartphone ကို ရောင်းချပေးထားပါတယ်။ Huawei Mate 20 X 5G ကို တရုတ်မှာ ယွမ် ၆၁၉၉ သတ်မှတ်ထားပြီး ၈၈၁ ဒေါ်လာလောက်ရှိပါတယ်။ သူ့ရဲ့ Emerald Green Color မှာ 8GB RAM , 256GB Storage ပါပါတယ်။

Ref : gsmarena

90Hz Display ပါလာမယ့် Honor V30

%d bloggers like this: