iPhone 11 Series တွေနဲ့ ထိပ်တန်း Android Phone တွေရဲ့ Specs တွေကို နှိုင်းယှဉ်ကြည့်ခြင်း

 

Apple က iPhone 11 Series တွေကို ကြေညာလိုက်ပါပြီ။ ထုံးစံအတိုင်း iPhone အသစ်တွေနဲ့ ထိပ်တန်း Android Phone တွေရဲ့ Specs တွေကို နှိုင်းယှဉ်လာကြပါတယ်။ အဲဒီအတွက် iPhone 11 Series တွေကို Galaxy Note 10 , Galaxy S10 , Google Pixel 3 , OnePlus 7 Pro လို အလန်းစား Android Phone တွေနဲ့ နှိုင်းယှဉ်ထားတဲ့ ဇယားကို ဖော်ပြလိုက်ပါတယ်။

iPhone အသစ်တွေမှာ အရင်နှစ်ထုတ် မော်ဒယ်တွေထက် များစွာ အဆင့်မြှင့်ထားပါတယ်။  ကင်မရာ စနစ်ကို အသားပေးထားပြီး iPhone 11 မှာ အနောက်ကင်မရာ ၂ လုံးပါလာပါတယ်။ Ultrawide Camera အပိုပါလာပါတယ်။ 11 Pro မော်ဒယ် ၂ လုံးမှာ အနောက်ကင်မရာ ၃ လုံး ပါလာပြီး Telephoto, Wide Angle နဲ့ Ultra-wide တွေပါ။ Low-light Photo အတွက် Night Mode ပါလာပါတယ်။

A13 Chip က အမြန်ဆုံး Mobile CPU လို့ Apple က ပြောပါတယ်။ Face ID က ပိုကောင်းလာပြီး ရှုထောင့်များစွာကနေ အလုပ်လုပ်လာပါတယ်။ iPhone တွေမှာ RAM , Battery နဲ့ Megapixel တွေဟာ နည်းပါးလေ့ရှိပေမယ့် စွမ်းရည်နိမ့်တယ်လို့ ယူဆလို့ မရပါဘူး။

မှတ်ချက်။ ။ Web Page အနေအထားကြောင့် ပုံမှ စာတွေကို သေချာ မမြင်ရရင် Web Page ကို Zoom ဆွဲနိုင်သလို ပုံကို Download လုပ်ပြီး Zoom ဆွဲကြည့်နိုင်ပါတယ်။

Ref : theverge

iPhone 11 Series တွေနဲ့ ထိပ်တန်း Android Phone တွေရဲ့ Specs တွေကို နှိုင်းယှဉ်ကြည့်ခြင်း

%d bloggers like this: