iPhone XR နဲ႔ iPhone 8 တို႔ကို ေစ်းေလွ်ာ့ေပးလိုက္ၿပီ

Apple က iPhone 11 Series ေတြကို ေၾကညာၿပီးေနာက္မွာ အရင္ႏွစ္ထုတ္ iPhone XR နဲ႔ iPhone 8 ေတြကို ေစ်းေလွ်ာ့ေပးလိုက္ပါတယ္။ XR ရဲ႕ 64GB Model ကို ေဒၚလာ ၆၀၀ နဲ႔ ေရာင္းေပးလိုက္ပါတယ္။ ၿဗိတိန္မွာ စတာလင္ေပါင္ ၆၃၀ နဲ႔ ဥေရာပမွာ ယူရို ၇၀၀ ျဖစ္သြားပါၿပီ။ တခ်ိဳ႕ႏုိင္ငံေတြမွာ ၁၀ ကေန ၄၀ ယူရိုအထိ ေစ်းသက္သာသြားပါတယ္။ iPhone အေဟာင္းနဲ႔လဲမယ္ဆိုရင္ XR ကို ေဒၚလာ ၂၀၀ သာ ေပးရမွာပါ။ အေကာင္းအတိုင္းရွိေသးတဲ့ iPhone 7 Plus ကိုင္ထားရင္ေတာ့ ေလွ်ာ့ေစ်း အမ်ားဆံုး ရမွာပါ။

အေမရိကန္မွာ iPhone 8 ကို ၄၅၀ ေဒၚလာပဲေပးရေတာ့မွာပါ။ ၿဗိတိန္မွာ စတာလင္ေပါင္ ၄၈၀ နဲ႔ ဥေရာပမွာ ယူရို ၅၃၀ ပဲရွိပါေတာ့တယ္။ ဖုန္း အေဟာင္းနဲ႔လဲရင္ ၁၂၀ ေဒၚလာပဲ ေပးရမွာပါ။ အဲဒီ ေစ်းေတြဟာ 64GB အတြက္ပါ။ XR နဲ႔ iPhone 8 တို႔ရဲ႕ 128GB အတြက္ဆိုရင္ ေဒၚလာ ၅၀ ပိုမ်ားမွာပါ။

XR ကို အရင္ႏွစ္က စတင္ ေရာင္းခ်ခ်ိန္မွာ ၇၅၀ ေဒၚလာ သတ္မွတ္ခဲ့တာပါ။ ၂၀၁၇ ခုႏွစ္မွာ iPhone 8 ရဲ႕ ေစ်းအနည္းဆံုးေမာ္ဒယ္ ကေတာ့ ေဒၚလာ ၇၀၀ ရွိခဲ့ၿပီး ၿပီးခဲ့တဲ့ ႏွစ္မွာ ေဒၚလာ ၆၀၀ နဲ႔ ေလွ်ာ့ေပးခဲ့ပါတယ္။ Apple Watch Series 3 ေတြကိုလည္း ေစ်းေလွ်ာ့ေပးလိုက္ပါတယ္။ GPS Model ကို ေဒၚလာ ၂၀၀ နဲ႔ Cellular Model ကို ေဒၚလာ ၃၀၀ သတ္မွတ္ထားပါတယ္။ Watch Series 4 ကိုေတာ့ ေစ်းေလွ်ာ့ေပးထားၿပီးပါၿပီ။

Ref : gsmarena

[Unicode]

iPhone XR နဲ့ iPhone 8 တို့ကို ဈေးလျှော့ပေးလိုက်ပြီ

Apple က iPhone 11 Series တွေကို ကြေညာပြီးနောက်မှာ အရင်နှစ်ထုတ် iPhone XR နဲ့ iPhone 8 တွေကို ဈေးလျှော့ပေးလိုက်ပါတယ်။ XR ရဲ့ 64GB Model ကို ဒေါ်လာ ၆၀၀ နဲ့ ရောင်းပေးလိုက်ပါတယ်။ ဗြိတိန်မှာ စတာလင်ပေါင် ၆၃၀ နဲ့ ဥရောပမှာ ယူရို ၇၀၀ ဖြစ်သွားပါပြီ။ တချို့နိုင်ငံတွေမှာ ၁၀ ကနေ ၄၀ ယူရိုအထိ ဈေးသက်သာသွားပါတယ်။ iPhone အဟောင်းနဲ့လဲမယ်ဆိုရင် XR ကို ဒေါ်လာ ၂၀၀ သာ ပေးရမှာပါ။ အကောင်းအတိုင်းရှိသေးတဲ့ iPhone 7 Plus ကိုင်ထားရင်တော့ လျှော့ဈေး အများဆုံး ရမှာပါ။

အမေရိကန်မှာ iPhone 8 ကို ၄၅၀ ဒေါ်လာပဲပေးရတော့မှာပါ။ ဗြိတိန်မှာ စတာလင်ပေါင် ၄၈၀ နဲ့ ဥရောပမှာ ယူရို ၅၃၀ ပဲရှိပါတော့တယ်။ ဖုန်း အဟောင်းနဲ့လဲရင် ၁၂၀ ဒေါ်လာပဲ ပေးရမှာပါ။ အဲဒီ ဈေးတွေဟာ 64GB အတွက်ပါ။ XR နဲ့ iPhone 8 တို့ရဲ့ 128GB အတွက်ဆိုရင် ဒေါ်လာ ၅၀ ပိုများမှာပါ။

XR ကို အရင်နှစ်က စတင် ရောင်းချချိန်မှာ ၇၅၀ ဒေါ်လာ သတ်မှတ်ခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာ iPhone 8 ရဲ့ ဈေးအနည်းဆုံးမော်ဒယ် ကတော့ ဒေါ်လာ ၇၀၀ ရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ်မှာ ဒေါ်လာ ၆၀၀ နဲ့ လျှော့ပေးခဲ့ပါတယ်။ Apple Watch Series 3 တွေကိုလည်း ဈေးလျှော့ပေးလိုက်ပါတယ်။ GPS Model ကို ဒေါ်လာ ၂၀၀ နဲ့ Cellular Model ကို ဒေါ်လာ ၃၀၀ သတ်မှတ်ထားပါတယ်။ Watch Series 4 ကိုတော့ ဈေးလျှော့ပေးထားပြီးပါပြီ။

Ref : gsmarena

%d bloggers like this: