၆.၁၁ လက္မ Liquid Retina Display နဲ႔ 12MP Dual Cameras ေတြပါတဲ့ iPhone 11 ကို ေၾကညာၿပီ

Apple က iPhone XR ရဲ႕ မ်ိဳးဆက္ကို ေၾကညာလိုက္ပါၿပီ။ iPhone 11 လို႔ နာမည္ေပးထားၿပီး Dual Rear Cameras နဲ႔ Night Mode ေတြ ပါလာပါတယ္။ A12 ထက္ CPU , GPU ေတြ ၂၀ ရာခုိင္ႏႈန္း ပုိျမန္လာတဲ့ A13 Bionic Chip ေမာင္းႏွင္ထားပါတယ္။ ေရစိုခံႏႈန္းကလည္း တိုးတက္လာၿပီး မိနစ္ ၃၀ ၾကာ ၂ မီတာအနက္မွာ သံုးႏုိင္ပါတယ္။ အေရာင္ ၆ မ်ိဳးထုတ္လုပ္ထားပါတယ္။ iPhone XR ထက္ ဘက္ထရီ သက္တမ္းက ၁ နာရီပိုခံလာပါတယ္။

Liquid Retina Display က အေရာင္စံုလင္ၿပီး True Tone က ပိုသဘာ၀က်တဲ့ ပံုရိပ္ေတြကို ထုတ္လုပ္ေပးပါတယ္။ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ျဖစ္တဲ့ 64GB ကို ၆၉၉ ေဒၚလာ၊ 128GB ကို ၇၄၉ ေဒၚလာနဲ႔ 256GB ကို ၈၄၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ ဒီလ ၁၃ ရက္ေန႔မွာ ႀကိဳတင္မွာယူႏုိင္မွာ ျဖစ္ၿပီး ႏိုင္ငံေပါင္း ၃၀ ေက်ာ္မွာ ဒီလ ၂၀ ရက္ေန႔မွာ စတင္ ေရာင္းေပးမွာပါ။

အေနာက္ဘက္မွာ ျမင္ကြင္းက်ယ္ ကင္မရာ အပို ၁ လံုးပါလာတဲ့အတြက္ 2x Optical Zoom ကို ဖန္တီးေပးႏိုင္ပါတယ္။ Video Stabilization က တိုးတက္လာၿပီး Apple က ေစ်းကြက္ထဲက ဖုန္းအားလံုးထက္ ဗီဒီယို အရည္အေသြး ပိုေကာင္းတယ္လို႔ ေျပာပါတယ္။ အေရွ႕နဲ႔ အေနာက္ကင္မရာေတြက 4K 60fps Video ေတြကို ရိုက္ကူးေပးႏုိင္ပါတယ္။ ဒါ့အျပင္ 120fps Slow-mo Video ေတြကိုပါ ရိုက္ကူးေပးႏုိင္ၿပီး Apple က “Slofies” လို႔ နာမည္ေပးထားပါတယ္။ Face ID က ၃၀ ရာခုိင္ႏႈန္း ပိုျမန္လာၿပီး အေရွ႕နဲ႔ အေနာက္ကို ကာကြယ္ထားတဲ့ ဖန္ေတြက အရမ္းကို အၾကမ္းခံလာပါတယ္။

Apple iPhone 11 specifications

• 6.1-inch (1792×828 pixels) LCD 326ppi Liquid Retina display
• Six-core A13 Bionic 64-bit processor, 8-core Neural Engine
• 64GB, 128GB,256GB storage options
• iOS 13
• Water and dust resistant (IP68)
• Dual SIM (nano + eSIM)
• 12MP wide-angle (f/1.8) camera,optical image stabilization, True Tone flash, 4K video recording at 60 fps, Slo mo 1080p at 240 fps, 12MP 120° Ultra Wide (f/2.4) secondary camera, 2x optical zoom out; digital zoom up to 5x
• 12MP front camera with f/2.2 aperture, 1080p video recording,Retina Flash, 4K video recording at 60 fps, Slo mo 1080p at 120 fps
• TrueDepth camera for FaceID facial recognition, Stereo speakers
• Dimensions: 150.9×75.7×8.3; Weight: 194 grams
• 4G VoLTE, 802.11ax Wi Fi 6 with 2×2 MIMO, Bluetooth 5.0, NFC with reader mode, GPS with GLONASS
• Built-in rechargeable lithium-ion battery with Qi wireless charging, fast charging, up to 17 hours of video playback

Ref : fonearena, gsmarena

[Unicode]

၆.၁၁ လက်မ Liquid Retina Display နဲ့ 12MP Dual Cameras တွေပါတဲ့ iPhone 11 ကို ကြေညာပြီ

Apple က iPhone XR ရဲ့ မျိုးဆက်ကို ကြေညာလိုက်ပါပြီ။ iPhone 11 လို့ နာမည်ပေးထားပြီး Dual Rear Cameras နဲ့ Night Mode တွေ ပါလာပါတယ်။ A12 ထက် CPU , GPU တွေ ၂၀ ရာခိုင်နှုန်း ပိုမြန်လာတဲ့ A13 Bionic Chip မောင်းနှင်ထားပါတယ်။ ရေစိုခံနှုန်းကလည်း တိုးတက်လာပြီး မိနစ် ၃၀ ကြာ ၂ မီတာအနက်မှာ သုံးနိုင်ပါတယ်။ အရောင် ၆ မျိုးထုတ်လုပ်ထားပါတယ်။ iPhone XR ထက် ဘက်ထရီ သက်တမ်းက ၁ နာရီပိုခံလာပါတယ်။

Liquid Retina Display က အရောင်စုံလင်ပြီး True Tone က ပိုသဘာဝကျတဲ့ ပုံရိပ်တွေကို ထုတ်လုပ်ပေးပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဖြစ်တဲ့ 64GB ကို ၆၉၉ ဒေါ်လာ၊ 128GB ကို ၇၄၉ ဒေါ်လာနဲ့ 256GB ကို ၈၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၁၃ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှာ ဒီလ ၂၀ ရက်နေ့မှာ စတင် ရောင်းပေးမှာပါ။

အနောက်ဘက်မှာ မြင်ကွင်းကျယ် ကင်မရာ အပို ၁ လုံးပါလာတဲ့အတွက် 2x Optical Zoom ကို ဖန်တီးပေးနိုင်ပါတယ်။ Video Stabilization က တိုးတက်လာပြီး Apple က ဈေးကွက်ထဲက ဖုန်းအားလုံးထက် ဗီဒီယို အရည်အသွေး ပိုကောင်းတယ်လို့ ပြောပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာတွေက 4K 60fps Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် 120fps Slow-mo Video တွေကိုပါ ရိုက်ကူးပေးနိုင်ပြီး Apple က “Slofies” လို့ နာမည်ပေးထားပါတယ်။ Face ID က ၃၀ ရာခိုင်နှုန်း ပိုမြန်လာပြီး အရှေ့နဲ့ အနောက်ကို ကာကွယ်ထားတဲ့ ဖန်တွေက အရမ်းကို အကြမ်းခံလာပါတယ်။

Apple iPhone 11 specifications

• 6.1-inch (1792×828 pixels) LCD 326ppi Liquid Retina display
• Six-core A13 Bionic 64-bit processor, 8-core Neural Engine
• 64GB, 128GB,256GB storage options
• iOS 13
• Water and dust resistant (IP68)
• Dual SIM (nano + eSIM)
• 12MP wide-angle (f/1.8) camera,optical image stabilization, True Tone flash, 4K video recording at 60 fps, Slo mo 1080p at 240 fps, 12MP 120° Ultra Wide (f/2.4) secondary camera, 2x optical zoom out; digital zoom up to 5x
• 12MP front camera with f/2.2 aperture, 1080p video recording,Retina Flash, 4K video recording at 60 fps, Slo mo 1080p at 120 fps
• TrueDepth camera for FaceID facial recognition, Stereo speakers
• Dimensions: 150.9×75.7×8.3; Weight: 194 grams
• 4G VoLTE, 802.11ax Wi Fi 6 with 2×2 MIMO, Bluetooth 5.0, NFC with reader mode, GPS with GLONASS
• Built-in rechargeable lithium-ion battery with Qi wireless charging, fast charging, up to 17 hours of video playback

Ref : fonearena, gsmarena

%d bloggers like this: