iPhone 11 , 11 Pro နဲ႔ 11 Pro Max ရဲ႕ ေစ်းေတြထြက္ေပၚလာ

Apple က iPhone 11 , 11 Pro နဲ႔ 11 Pro Max တို႔ကို မိတ္ဆက္ဖို႔ နာရီပိုင္းပဲလိုပါေတာ့တယ္။ အခုေတာ့ မိတ္ဆက္ပြဲ မတိုင္ခင္မွာ သူတို႔ရဲ႕ ေစ်းေတြထြက္ေပၚလာပါတယ္။ iPhone 11 ရဲ႕ အေျခခံ ေမာ္ဒယ္ဟာ ၇၄၉ ေဒၚလာ ျဖစ္ၿပီး 11 Pro နဲ႔ Pro Max တို႔ရဲ႕ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ဟာ ၉၉၉ နဲ႔ ၁၀၉၉ ေဒၚလာ အသီးသီး ရွိပါတယ္။

iPhone 11 Series နဲ႔အတူ Apple Watch S5 , AirPods နဲ႔ AirPower ေတြကိုပါ ေၾကညာမယ္လို႔ သတင္းထြက္လာေပမယ့္ သူတို႔ရဲ႕ သတင္းအခ်က္အလက္ေတြကို မေဖာ္ျပထားပါဘူး။ ထုတ္ကုန္ မိတ္ဆက္ပြဲကို YouTube မွာလည္း တိုက္ရိုက္ျပသမွာ ျဖစ္ၿပီး ေအာက္ကေန ၾကည့္ႏုိင္ပါတယ္။

Citi Research က iPhone 11 မွာ Apple Pencil ကို တြဲဖက္ သံုးႏိုင္မယ္လို႔ ေျပာထားပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က ၂၀၁၉ ခုႏွစ္ထုတ္ iPhone မ်ားမွာ ပိုအဆင့္ျမင့္တဲ့ Face ID Camera ပါလာမယ္လို႔ ၿပီးခဲ့တဲ့လကေဟာကိန္းထုတ္ထားပါတယ္။ Kuo က ပတ္၀န္းက်င္မွ အလင္းေရာင္ က်ေရာက္တဲ့အခါမွာ လူ႔ရဲ႕ မ်က္ႏွာကို ေကာင္းစြာ အာရံုခံႏိုင္တဲ့ ဆန္ဆာ အသစ္ကို သံုးထားျခင္းျဖင့္ Face ID လုပ္ေဆာင္ခ်က္ကို ပိုေကာင္းေအာင္ ဖန္တီးထားမယ္လို႔ ေျပာပါတယ္။

သူက ၂၀၁၉ နဲ႔ ၂၀၂၀ ခုႏွစ္ ထုတ္ အိုင္ပတ္မ်ားမွာ Time of Flight 3D Camera ပါတဲ့ အကြာအေ၀းကို တိုင္းတာတဲ့ စနစ္ကို ထည့္သြင္းထားမယ္လို႔လည္း ေျပာပါတယ္။ ဒီနည္းပညာဟာ ၂၀၂၀ ခုႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာ ပါလာႏုိင္ပါတယ္။ ဒီ ဆန္ဆာ အမ်ိဳးအစားဟာ ကင္မရာနဲ႔ အရာ၀တၳဳ အၾကားမွ အကြာအေ၀းကို အလင္းျဖင့္ တိုင္းတာျခင္းျဖင့္ အခ်ိန္ကို တြက္ခ်က္တာ ျဖစ္ပါတယ္။ ဒီနည္းပညာက 3D Image မ်ားကို ဖမ္းယူေပးနုိင္ပါတယ္။ ဒီနည္းပညာကို 3D Image နဲ႔ သာမာန္ ဓါတ္ပံုမ်ားရဲ႕ အရည္အေသြးကို တိုးတက္ေစၿပီး အဲဒီပံုမ်ားကို အိုင္ပတ္မွာ Apple Pencil ျဖင့္ Edit ျပဳလုပ္နိုင္မယ္လို႔ Kuo က ေျပာပါတယ္။

ယခင္ႏွစ္က မိတ္ဆက္ခဲ့တဲ့ iPhone X ရဲ႕ Face ID ဟာ မ်က္ႏွာကို ခြဲျခမ္းစိတ္ျဖာဖို႔ အတြက္ အနီေအာက္ေရာင္ျခည္ေပါင္း ၃၀ ၀၀၀ ေက်ာ္ကို အသံုးျပဳပါတယ္။ အဲဒီနည္းပညာဟာ အေမွာင္ထဲမွာေတာင္ ေကာင္းစြာ အလုပ္လုပ္ေပမယ့္ ေတာက္ပတဲ့ ေနေရာင္ေအာက္မွာေတာ့ သိပ္ၿပီး တိက်မႈ မရွိပါဘူး။ ဒီႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာေတာ့ ဒီျပႆနာမ်ားကို ေျဖရွင္းႏုိင္မွာပါ။

Ref : gsmarena

[Unicode]

iPhone 11 , 11 Pro နဲ့ 11 Pro Max ရဲ့ ဈေးတွေထွက်ပေါ်လာ

Apple က iPhone 11 , 11 Pro နဲ့ 11 Pro Max တို့ကို မိတ်ဆက်ဖို့ နာရီပိုင်းပဲလိုပါတော့တယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ သူတို့ရဲ့ ဈေးတွေထွက်ပေါ်လာပါတယ်။ iPhone 11 ရဲ့ အခြေခံ မော်ဒယ်ဟာ ၇၄၉ ဒေါ်လာ ဖြစ်ပြီး 11 Pro နဲ့ Pro Max တို့ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၉၉၉ နဲ့ ၁၀၉၉ ဒေါ်လာ အသီးသီး ရှိပါတယ်။

iPhone 11 Series နဲ့အတူ Apple Watch S5 , AirPods နဲ့ AirPower တွေကိုပါ ကြေညာမယ်လို့ သတင်းထွက်လာပေမယ့် သူတို့ရဲ့ သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။ ထုတ်ကုန် မိတ်ဆက်ပွဲကို YouTube မှာလည်း တိုက်ရိုက်ပြသမှာ ဖြစ်ပြီး အောက်ကနေ ကြည့်နိုင်ပါတယ်။

Citi Research က iPhone 11 မှာ Apple Pencil ကို တွဲဖက် သုံးနိုင်မယ်လို့ ပြောထားပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က ၂၀၁၉ ခုနှစ်ထုတ် iPhone များမှာ ပိုအဆင့်မြင့်တဲ့ Face ID Camera ပါလာမယ်လို့ ပြီးခဲ့တဲ့လကဟောကိန်းထုတ်ထားပါတယ်။ Kuo က ပတ်ဝန်းကျင်မှ အလင်းရောင် ကျရောက်တဲ့အခါမှာ လူ့ရဲ့ မျက်နှာကို ကောင်းစွာ အာရုံခံနိုင်တဲ့ ဆန်ဆာ အသစ်ကို သုံးထားခြင်းဖြင့် Face ID လုပ်ဆောင်ချက်ကို ပိုကောင်းအောင် ဖန်တီးထားမယ်လို့ ပြောပါတယ်။

သူက ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ် ထုတ် အိုင်ပတ်များမှာ Time of Flight 3D Camera ပါတဲ့ အကွာအဝေးကို တိုင်းတာတဲ့ စနစ်ကို ထည့်သွင်းထားမယ်လို့လည်း ပြောပါတယ်။ ဒီနည်းပညာဟာ ၂၀၂၀ ခုနှစ်ထုတ် အိုင်ဖုန်းများမှာ ပါလာနိုင်ပါတယ်။ ဒီ ဆန်ဆာ အမျိုးအစားဟာ ကင်မရာနဲ့ အရာဝတ္ထု အကြားမှ အကွာအဝေးကို အလင်းဖြင့် တိုင်းတာခြင်းဖြင့် အချိန်ကို တွက်ချက်တာ ဖြစ်ပါတယ်။ ဒီနည်းပညာက 3D Image များကို ဖမ်းယူပေးနိုင်ပါတယ်။ ဒီနည်းပညာကို 3D Image နဲ့ သာမာန် ဓါတ်ပုံများရဲ့ အရည်အသွေးကို တိုးတက်စေပြီး အဲဒီပုံများကို အိုင်ပတ်မှာ Apple Pencil ဖြင့် Edit ပြုလုပ်နိုင်မယ်လို့ Kuo က ပြောပါတယ်။

ယခင်နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone X ရဲ့ Face ID ဟာ မျက်နှာကို ခွဲခြမ်းစိတ်ဖြာဖို့ အတွက် အနီအောက်ရောင်ခြည်ပေါင်း ၃၀ ၀၀၀ ကျော်ကို အသုံးပြုပါတယ်။ အဲဒီနည်းပညာဟာ အမှောင်ထဲမှာတောင် ကောင်းစွာ အလုပ်လုပ်ပေမယ့် တောက်ပတဲ့ နေရောင်အောက်မှာတော့ သိပ်ပြီး တိကျမှု မရှိပါဘူး။ ဒီနှစ်ထုတ် အိုင်ဖုန်းများမှာတော့ ဒီပြဿနာများကို ဖြေရှင်းနိုင်မှာပါ။

Ref : gsmarena

%d bloggers like this: