Huawei က Mate 30 Series ရဲ႕ Teaser Video ကို ျပသ

Huawei က မၾကာခင္ ေၾကညာမယ့္ Mate 30 Series ရဲ႕ Teaser Video ၁ ခုကို ၀ီဘိုမွာ မွ်ေ၀လိုက္ပါတယ္။ ဗီဒီယိုမွာ Oreo Camera Module ပါမယ္လို႔ အရိပ္အျမြက္ အသိေပးထားၿပီး စက္၀ိုင္းပံုသ႑ာန္ ကင္မရာကို ရည္ညႊန္းတာ ျဖစ္ႏုိင္ပါတယ္။ Huawei က Mate 30 Series ေတြကို ဒီလ ၁၉ ရက္ေန႔မွာ ေၾကညာမယ္လို႔ အတည္ျပဳထားပါတယ္။

မၾကာခင္ကလည္း Mate 30 Pro ရဲ႕ ဓါတ္ပံုေတြထြက္ခဲ့ဖူးပါတယ္။ ဓါတ္ပံုေတြအရ သူ႔မွာ တန္ဖိုးႀကီး ဖန္နဲ႔ သတၱဳ ေပါင္းစပ္တည္ေဆာက္ထားပါတယ္။ အေနာက္ဘက္မွာ စက္၀ိုင္းပံု Quad-camera ထည့္သြင္းထားပါတယ္။ အေရွ႕ဘက္မွာ Waterfall Display တပ္ဆင္ထားၿပီး ေဘးႏွစ္ဖက္ဟာ အေကြး ဒီဇိုင္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္က ေဘးဘက္အထိ ဖံုးအုပ္ထားပါတယ္။ ေနာက္ဆံုးထုတ္ HiSilicon Kirin 990 Chipset ေမာင္းႏွင္ထားမွာပါ။ SoC မွာ Balong 5000 5G Modem ပါလာမွာပါ။ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ထည့္ထားႏုိင္ပါတယ္။ 4200mAh Battery ထည့္သြင္းထားၿပီး 55W Fast Charging ပါလာမွာပါ။

Huawei Mate 30 Pro မွာ ၆.၇၁ လက္မ AMOLED Display ပါမယ္ဆိုတာကို ေမလက သတင္းထြက္ခဲ့ပါတယ္။ ဇြန္လမွာေတာ့ တရုတ္က ထြက္လာတဲ့ သတင္းအရ မ်က္ႏွာျပင္ဟာ 90Hz Refresh Rate ျဖစ္မယ္လို႔ သိရပါတယ္။ OnePlus 7 Pro နဲ႔ တူသြားမွာပါ။ အေနာက္မွာ 40MP Sensor ၂ လံုး ပါမွာ ျဖစ္တဲ့ အျပင္ အရြယ္အစားလည္း ႀကီးမားမွာပါ။ ပင္မ ကင္မရာဟာ 40MP Resolution ျဖစ္ၿပီး P30 Pro လို Quad RYYB Filter ျဖစ္ပါတယ္။ ဒါေပမယ့္ ပိုမိုႀကီးမားတဲ့ 1/1.55” Type Sensor ပါ။ ဒုတိယ 40MP Sensor ဟာ Ultra Wide-angle Lens ျဖစ္ပါတယ္။ သူဟာ 1/1.7” Sensor ျဖစ္ၿပီး P30 Pro ရဲ႕ ပင္မ ဆန္ဆာနဲ႔ အရြယ္အစား တူပါတယ္။ ကင္မရာေတြထဲမွာ Ultra Wide နဲ႔ Telephoto ေတြ ပါ၀င္ပါတယ္။ ToF လို 3D Sensor လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

Huawei က Mate 30 Series ရဲ့ Teaser Video ကို ပြသ

Huawei က မကြာခင် ကြေညာမယ့် Mate 30 Series ရဲ့ Teaser Video ၁ ခုကို ဝီဘိုမှာ မျှဝေလိုက်ပါတယ်။ ဗီဒီယိုမှာ Oreo Camera Module ပါမယ်လို့ အရိပ်အမြွက် အသိပေးထားပြီး စက်ဝိုင်းပုံသဏ္ဍာန် ကင်မရာကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ Huawei က Mate 30 Series တွေကို ဒီလ ၁၉ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။

မကြာခင်ကလည်း Mate 30 Pro ရဲ့ ဓါတ်ပုံတွေထွက်ခဲ့ဖူးပါတယ်။ ဓါတ်ပုံတွေအရ သူ့မှာ တန်ဖိုးကြီး ဖန်နဲ့ သတ္တု ပေါင်းစပ်တည်ဆောက်ထားပါတယ်။ အနောက်ဘက်မှာ စက်ဝိုင်းပုံ Quad-camera ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ Waterfall Display တပ်ဆင်ထားပြီး ဘေးနှစ်ဖက်ဟာ အကွေး ဒီဇိုင်း ဖြစ်ပါတယ်။ မျက်နှာပြင်က ဘေးဘက်အထိ ဖုံးအုပ်ထားပါတယ်။ နောက်ဆုံးထုတ် HiSilicon Kirin 990 Chipset မောင်းနှင်ထားမှာပါ။ SoC မှာ Balong 5000 5G Modem ပါလာမှာပါ။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်ထားနိုင်ပါတယ်။ 4200mAh Battery ထည့်သွင်းထားပြီး 55W Fast Charging ပါလာမှာပါ။

Huawei Mate 30 Pro မှာ ၆.၇၁ လက်မ AMOLED Display ပါမယ်ဆိုတာကို မေလက သတင်းထွက်ခဲ့ပါတယ်။ ဇွန်လမှာတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ မျက်နှာပြင်ဟာ 90Hz Refresh Rate ဖြစ်မယ်လို့ သိရပါတယ်။ OnePlus 7 Pro နဲ့ တူသွားမှာပါ။ အနောက်မှာ 40MP Sensor ၂ လုံး ပါမှာ ဖြစ်တဲ့ အပြင် အရွယ်အစားလည်း ကြီးမားမှာပါ။ ပင်မ ကင်မရာဟာ 40MP Resolution ဖြစ်ပြီး P30 Pro လို Quad RYYB Filter ဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုကြီးမားတဲ့ 1/1.55” Type Sensor ပါ။ ဒုတိယ 40MP Sensor ဟာ Ultra Wide-angle Lens ဖြစ်ပါတယ်။ သူဟာ 1/1.7” Sensor ဖြစ်ပြီး P30 Pro ရဲ့ ပင်မ ဆန်ဆာနဲ့ အရွယ်အစား တူပါတယ်။ ကင်မရာတွေထဲမှာ Ultra Wide နဲ့ Telephoto တွေ ပါဝင်ပါတယ်။ ToF လို 3D Sensor လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gizmochina

%d bloggers like this: