Honor V30 မွာ Kirin 990 နဲ႔ 5G ပါမွာ ေသခ်ာၿပီ

Huawei က ေသာၾကာေန႔က စြမ္းရည္ျမင့္ Kirin 990 SoC ကို ေၾကညာခဲ့ၿပီး Mate 30 Series ေတြမွာ အေစာဆံုး ထည့္သြင္းေပးမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ အခုေတာ့ Huawei ရဲ႕ ကုမၸဏီခြဲ Honor က Kirin 990 SoC ပါမယ့္ ပထမဆံုး သူ႔ရဲ႕ စမတ္ဖုန္းကို အတည္ျပဳလိုက္ပါတယ္။ အဲဒီ စမတ္ဖုန္းဟာ Honor V30 ျဖစ္ၿပီး 5G ပါလာမွာပါ။ တရုတ္မွာ V30 နာမည္နဲ႔ ေရာင္းခ်မွာ ျဖစ္ၿပီး အျခားႏိုင္ငံေတြမွာ View 30 လို႔ နာမည္ေပးထားႏုိင္ပါတယ္။

Honor ရဲ႕ ဥကၠဌ Zhao Ming က V30 ဟာ ကုမၸဏီရဲ႕ ပထမဆံုး 5G Smartphone ျဖစ္မယ္လို႔ အရင္လက ၀ီဘိုမွာ အတည္ျပဳခဲ့ပါတယ္။ ဒါ့အျပင္ လက္ရွိ စြမ္းရည္ျမင့္ စမတ္ဖုန္းေတြလို Full 5G SA နဲ႔ NSA Network ေတြကိုလည္း ေထာက္ပံ့မယ္လို႔ သူက ေျပာပါတယ္။ သူက အျခား သတင္းအခ်က္အလက္ေတြကိုေတာ့ မေျပာေသးပါဘူး။

Honor ရဲ႕ မိခင္ ကုမၸဏီ Huawei က တရုတ္မွာ သူ႔ရဲ႕ပထမဆံုး 5G Smartphone ကို ေရာင္းခ်ေပးထားပါတယ္။ Huawei Mate 20 X 5G ကို တရုတ္မွာ ယြမ္ ၆၁၉၉ သတ္မွတ္ထားၿပီး ၈၈၁ ေဒၚလာေလာက္ရွိပါတယ္။ သူ႔ရဲ႕ Emerald Green Color မွာ 8GB RAM , 256GB Storage ပါပါတယ္။

Ref : gsmarena

[Unicode]

Honor V30 မှာ Kirin 990 နဲ့ 5G ပါမှာ သေချာပြီ

Huawei က သောကြာနေ့က စွမ်းရည်မြင့် Kirin 990 SoC ကို ကြေညာခဲ့ပြီး Mate 30 Series တွေမှာ အစောဆုံး ထည့်သွင်းပေးမယ်လို့ အတည်ပြုခဲ့ပါတယ်။ အခုတော့ Huawei ရဲ့ ကုမ္ပဏီခွဲ Honor က Kirin 990 SoC ပါမယ့် ပထမဆုံး သူ့ရဲ့ စမတ်ဖုန်းကို အတည်ပြုလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Honor V30 ဖြစ်ပြီး 5G ပါလာမှာပါ။ တရုတ်မှာ V30 နာမည်နဲ့ ရောင်းချမှာ ဖြစ်ပြီး အခြားနိုင်ငံတွေမှာ View 30 လို့ နာမည်ပေးထားနိုင်ပါတယ်။

Honor ရဲ့ ဥက္ကဌ Zhao Ming က V30 ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G Smartphone ဖြစ်မယ်လို့ အရင်လက ဝီဘိုမှာ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ စွမ်းရည်မြင့် စမတ်ဖုန်းတွေလို Full 5G SA နဲ့ NSA Network တွေကိုလည်း ထောက်ပံ့မယ်လို့ သူက ပြောပါတယ်။ သူက အခြား သတင်းအချက်အလက်တွေကိုတော့ မပြောသေးပါဘူး။

Honor ရဲ့ မိခင် ကုမ္ပဏီ Huawei က တရုတ်မှာ သူ့ရဲ့ပထမဆုံး 5G Smartphone ကို ရောင်းချပေးထားပါတယ်။ Huawei Mate 20 X 5G ကို တရုတ်မှာ ယွမ် ၆၁၉၉ သတ်မှတ်ထားပြီး ၈၈၁ ဒေါ်လာလောက်ရှိပါတယ်။ သူ့ရဲ့ Emerald Green Color မှာ 8GB RAM , 256GB Storage ပါပါတယ်။

Ref : gsmarena

%d bloggers like this: