တွစ်တာမှာ follower အများဆုံးဖြစ်တဲ့ အဆိုတော် ကေတီပယ်ရီရဲ့ တွစ်တာအကောင့် အဟက်ခံရ

ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကေတီပယ်ရီရဲ့ တွစ်တာအကောင့်ကတော့ ခဏတာ အဟက်ခံလိုက်ရပါတယ်။ အဟက်ခံရတဲ့အချိန်အတွင်းမှာ ကေတီပယ်ရီရဲ့ အကောင့်ကနေ ထူးဆန်းတဲ့ tweet တွေ ၊ အဓိက ပြိုင်ဘက်အဆိုတော် တေလာဆွစ်ဖ်နဲ့ ပတ်သက်နေတဲ့ tweet တွေကို အဆက်မပြတ် ရေးသားသွားခဲ့တာပါ။ ကေတီပယ်ရီရဲ့ တွစ်တာအကောင့်ဟာ follower ပေါင်း ၈၉ သန်းကျော်ရှိတာကြောင့် ဂျက်စတင်ဘီဘာ ၊ တေလာဆွစ်ဖ်တို့ကို ကျော်ဖြတ်ပြီး တွစ်တာမှာ follower အများဆုံး အကောင့်အဖြစ်ရပ်တည်နေတာပါ။

တွစ်တာကတော့ follower အများဆုံးအကောင့်တစ်ခုကို အဟက်ခံလိုက်ရတာကြောင့် ပျာပျာသလဲဖြစ်သွားခဲ့ပြီး ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်ပေးခဲ့ရပါတယ်။ ကေတီပယ်ရီရဲ့ ပရိသတ်တွေကတော့ တွစ်တာရဲ့ service ကို အချိန်မီ ပြင်ဆင်မှု မပြုလုပ်ပေးခဲ့တာကြောင့် ဝေဖန်ပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ တွစ်တာကတော့ ကေတီပယ်ရီရဲ့ တွစ်တာအကောင့် Password ကို Reset ချပေးဖို့အတွက် ကေတီပယ်ရီကို အီးမေးလ်ပို့ခဲ့ပြီး ဟက်ကာက အီးမေးလ်ပါဟက်ယူထားခဲ့တာကြောင့် အခက်တွေ့ခဲ့ရပါတယ်။ တွစ်တာကတော့ အကောင့်ကို ပြန်ရချိန်မှာ ဟက်ကာတင်ထားခဲ့တဲ့ tweet တွေကို ပြန်ဖျက်ပေးခဲ့ပါတယ်။

KT tweets

ဒီလိုမျိုး follower အများဆုံး တွစ်တာအကောင့်ကို ဟက်ယူခဲ့တဲ့ ဟက်ကာဟာ ရိုမေးနီးယားနိုင်ငံက သုံးစွဲသူတစ်ဦးဖြစ်ပြီး တွစ်တာပေါ်မှာ @[email protected] ဆိုတဲ့ အကောင့်တုနဲ့ အသုံးပြုနေခဲ့တာပါ။ အခုလို ကေတီပယ်ရီရဲ့ အကောင့်အဟက်ခံရမှုအတွင်းမှာတော့ လိင်တူဆက်ဆံသူတွေကို အပြစ်တင်တဲ့ tweet ၊ ကေတီရဲ့ အဓိက ပြိုင်ဘက်အဆိုတော် တေလာဆွစ်ဖ်ကို ကေတီကအရမ်းသတိရနေတယ်ဆိုတဲ့ tweet နဲ့ တစ်ခြား ထူးဆန်းတဲ့ tweet တွေကို ဟက်ကာက တင်ထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကေတီပယ်ရီရဲ့ မထွက်ရှိရသေးတဲ့ သီချင်းတစ်ပုဒ်ကိုလည်း ဟက်ကာက Soundcloud ပေါ် တင်ဖို့ ကြိုးစားခဲ့ပြီး Soundcloud က privacy အရ တင်ဖို့ ခွင့်မပြုခဲ့လို့သာ ကေတီပယ်ရီရဲ့ သီချင်းအသစ်စက်စက်တစ်ပုဒ်ကို နားမထောင်ခဲ့ရတာပါ။ တွစ်တာကတော့ အသုံးပြုသူတွေရဲ့ လုံခြုံရေးအတွက် ပြန်လည် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဟက်ကာတွေက နောက်ထပ်ကျော်ကြားသူတွေရဲ့ တွစ်တာအကောင့်တွေကို ခိုးယူမှုတွေ မဖြစ်တော့အောင် တွစ်တာက ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Ref : CNet , The Guardian

%d bloggers like this: